
ဇီဇယ်၊ ဓာတ်ဆီတို့ရဲ့ စွမ်းအင်ကို အသုံးပြုတဲ့ခေတ်ကနေ ယနေ့ဆိုရင် လျှပ်စစ်ကားတွေတောင် ထုတ်လုပ်နေကြပါပြီ။ အစပိုင်းမှာ လျှပ်စစ်ကားတွေဟာ ပြိုင်ကားတွေလောက် အမြန်နှုန်းမရှိပေမယ့် အခုတော့ နည်းပညာတိုးတက်မှုနဲ့အတူ ပြောင်းလဲလာပါပြီ။ Tesla ကားကုမ္ပဏီဟာဆိုရင် လျှပ်စစ်ကားများနဲ့ မောင်းသူမဲ့ကားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး အခုထွက်ရှိလာမယ့် P100D လျှပ်စစ်ကားရဲ့ စံချိန်ဟာ Porsche နဲ့ Ferrari ကားတွေကို ကျော်လွန်ပြီး အမြန်နှုန်းစံချိန်တင်ခဲ့ပါတယ်။ ၂.၂၈ စက္ကန့်နဲ့ 60mph အထိ ရောက်တဲ့အတွက် Tesla ရဲ့ P100D ကားဟာ Porsche 911 Turbo S နဲ့ The La-Ferrari ကားတို့ထက် စံချိန်ကျော်လွန်သွားတာ ဖြစ်ပါတယ်။ စမ်းသပ်မှုကို MotorTrend မှ စမ်းသပ်ခဲ့ပြီး လျှပ်စစ်ကားတွေထဲမှာ အမြန်ဆုံးဖြစ်နေပါတယ်။