
Apple ဟာ iPhone 8 ကို လျှိ့ဝှက်စွာနဲ့ အများထင်ထားတဲ့အချိန်တက် ပို၍စောစီးစွာ ထုတ်လုပ်ဖွယ်ရှိဟု Barron နည်းပညာဝက်ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ BlueFin သုတေသနရဲ့ ပါတနာ၂ဦးဖြစ်တဲ့ John Donovan နဲ့ Steve Mullane တို့က အားလုံးထင်ထားတဲ့အချိန်ထက် ထုတ်လုပ်မှုကို ပိုစောပါလိမ့်မယ်။ ဂျွန်လ မှာတင် လိုအပ်တဲ့ ကုန်ကြမ်းတွေကို စီစဉ်မှာပါ။ နာမည်ကိုတော့ iPhone 8 သို့မဟုတ် iPhone X ဖြစ်နိုင်ပါတယ်လို့ ထင်မြင်ချက်များ ပေးနေကြပါတယ်။ အတိအကျကိုတော့ Apple ကနေ မထုတ်ပြန်ထားပါဘူး။
ကောလဟာလ သတင်းများအရ iPhone ရဲ့ ဒီဇိုင်းဟာ edge-to-edge OLED display ဖြစ်နိုင်ပြီး မှန်ဘေးဘောင် အခုံးတွေ ဖြစ်နိုင်ပါတယ်လို့ သိရပါတယ်။ ဖုန်းရဲ့ ကျောဘက်ကိုတော့ ဖန်သားနဲ့ပြုလုပ်မှာ ဖြစ်ပြီး လက်ဗွေရာစနစ်ကိုတော့ မှန်သားပြင်မှာ ထည့်ထားပေးမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကို ယခင်ကထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးထားမှာ ဖြစ်ပြီး CPU ကိုတော့ A11 Processor သုံးမယ်လို့ သိရပါတယ်။ ဖုန်းလုံခြုံရေး အတွက် လက်ဗွေရာစနစ်အပြင် လူမျက်နှာအား scan ဖတ်ခြင်း သို့မဟုတ် မျက်ဝန်းအား scan ဖတ်နိုင်တဲ့ စနစ်တွေ ပါလာနိုင်တယ်လို့ သိရပါတယ်။ အောက်ပါပုံကတော့ iPhone 8/X ရဲ့ Concept ဒီဇိုင်းဖြစ်ပါတယ်။