Home News အမေရိကန်စာရေးဆရာ စတီဗင်ကင်း မှ သမ္မတဒေါ်နယ်ထရမ့်အား ၃၈ကြိမ်တိတိ Twitter ပေါ်တွင် ရှုံ့ချခဲ့

အမေရိကန်စာရေးဆရာ စတီဗင်ကင်း မှ သမ္မတဒေါ်နယ်ထရမ့်အား ၃၈ကြိမ်တိတိ Twitter ပေါ်တွင် ရှုံ့ချခဲ့

0
အမေရိကန်စာရေးဆရာ စတီဗင်ကင်း မှ သမ္မတဒေါ်နယ်ထရမ့်အား ၃၈ကြိမ်တိတိ Twitter ပေါ်တွင် ရှုံ့ချခဲ့

စတီဗင်ကင်း ဆိုတာ အမေရိကန် စာရေးဆရာတစ်ယောက် ဖြစ်ပြီး သိပ္ပံနယ်လွန် ဝတ္ထုတွေ၊ ကြောက်မက်ဖွယ်ရာ Horror ဇာတ်လမ်းတွေကို ရေးတဲ့ သူ ဖြစ်ပါတယ်။ စတီဗင်ကင်း ဟာ ဒေါ်နယ်ထရမ့် သမ္မတ မဖြစ်ခင်ထဲက ထရမ့်အား ရှုံ့ချခဲ့သော စာများကို Twitter ပေါ်တွင် ရေးသားခဲ့သည်။ စတီဗင်ကင်း ၏ ရေးသားမှုများမှာ ထိုအချိန်က လူစိတ်မဝင်စားခဲ့သော်လည်း ယခုအခါတွင် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ စတီဗင်ကင်း ၏ ရေးသားချက်များမှာ လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ လုပ်ဆောင်ချက်များနဲ့ ကိုက်ညီနေခြင်းကြောင့် လူတိုင်း၏ စိတ်ဝင်စားမှုကို ခံနေရခြင်း ဖြစ်သည်။ စတီဗင်ကင်း ရေးခဲ့သော Tweet များထဲက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားတဲ့ Tweet အချို့ကို ဖော်ပြလိုက်ရပါတယ်။

၁။ ရီပတ်ဘလစ်ကန် အုပ်စုအနေနဲ့ ၃နှစ်သားအရွယ် လူမျိုးရေးခွဲခြားရေးစိတ်ရှိတဲ့သူ တစ်ယောက်ကို တင်မြှောက်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ် လို့ ရှုံ့ချခဲ့ပါတယ်။ ဆိုလိုတာက ဒေါ်နယ်ထရမ့် အနေနဲ့ ရီပတ်ဘလစ်ကန် ပါတီထဲမှာ ဝင်ရောက်ခဲ့ပြီး ထရမ့်ကို နေရာပေးတင်မြှောက်ခဲ့တဲ့အတွက် စတီဗင်ကင်း က ရှုံ့ချလိုက်တာ ဖြစ်ပါတယ်။

၂။ ဒေါ်နယ်ထရမ့်ရဲ့ အကြောင်းနဲ့ သူ့အပြောတွေကို နားထောင်လေလေ စိတ်ပျက်ဖို့ကောင်းလာ လေလေဘဲ။ ထရမ့်ဟာ ဒီမိုကရေစီကို ယုံကြည်တဲ့သူ တစ်ယောက်မဟုတ်ဘူး။ စက်ဆုပ်ဖွယ်ရာကောင်းတဲ့သူ တစ်ယောက်ဆိုတာကတော့ အမှန်ဘဲ။

၃။ ဒေါ်နယ်ထရမ့်ကို အမေရိကန်သမ္မတအဖြစ် ရွေးကောက်လိုက်တာဟာ နှင်းခူနာကို မီးတိုက်ပြီး ဖြေရှင်းတာနဲ့ တူတယ်။

၄။ ဒါဟာ ကျနော့်ရဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဟိုးရှေးရှေးတုန်းက ဒေါ်နယ်ထရမ့်လို့ အမည်ရတဲ့ သူ တစ်ယောက်ရှိပါသတဲ့။ သူဟာ သမ္မတဖြစ်ဖို့ရန် တစ်ခုအတွက်ဘဲ ကြိုးစားနေပြီး လူတစ်ချို့ကတော့ သူ့ကို အနိုင်ရစေချင်ပါ တယ်။

၅။ ပွေရှုပ်သူ၊ အခွန်ဆောင်ရန် ပျက်ကွက်သူ၊ ရုရှားရဲ့အကူအညီယူပြီး ရွေးကောက်ပွဲအနိုင်ရအောင်လုပ်သူ၊ လူမျိုးရေးခွဲခြားသူ၊ လိမ်လည်မှုတွေ တန်းစီနေသူ ပြီးတော့ အခြားအရာတွေ အများကြီးရှိသေးတယ်။ အဲ့လိုလူကို ရီပတ်ဘလစ်ကန် က သမ္မတအဖြစ် တင်မြှောက်လိုက်တယ်။

၆။ ထရမ့်ရဲ့ အစိုးရအဖွဲ့ တင်သွင်းမှုကတော့ အမေရိကန်သမိုင်းမှာ အညံ့ဆုံးဖြစ်ပြီ။ မျောက်ဓားပြတွေ လက်အောက်မှာ အမှုထမ်းရသလိုဘဲ။

၇။ ထရမ့်ရဲ့ လက်ရှိမူဝါဒတွေက မမှန်ဘူး။ သူ့ကို ကြည့်ရတာ သူဖော်ထားတဲ့ဆေးကို ဒါဇင်လိုက် သူကိုယ်တိုင် ပြန်စားနေရသလိုဖြစ်နေပြီ။

၈။ ဒီနေ့ လုပ်ရပ်ဟာ သြစတေးလျနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကို ဖောက်ပြားလိုက်သလိုဘဲ။ ငါတို့ သမ္မတကြီးကတော့ စိတ်လိုက်မာန်ပါလုပ်တာ စိတ်မနှံနဲ့သူလိုဘဲ။

၉။ အမေရိကန်က လူတွေ ဝံပုလွေရူးကြီးကို သမ္မတအဖြစ် တင်မြှောလိုက်တော့ ငါ့မှာ ပြောစရာစကားမရှိဘူး။

၁၀။ အိုး…… ခပ်ဆိုးဆိုးဆံပင်ပုံစံနဲ့ ဝံပုလွေရူးကြီးက ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ အနိုင်ရသွားပြီ။ လက်ခုပ်လေး တီးလိုက်ပါအုံး။

စတီဗင်ကင်း Tweet လုပ်ခဲ့တဲ့ ၃၈ ခုက ၁၀ခုလောက်ကိုဘဲ ပြန်လည်ထုတ်နှုတ်ထားတာ ဖြစ်ပါတယ်။ ၃၈ ခုလုံးကို အသေးစိတ်ဖတ်ချင်ရင်တော့ စတင်ဗင်ကင်း ရဲ့ Twitter အကောင့်ထဲမှာ ဖတ်လို့ရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: