
Lenovo ရဲ႕ Yoga book series များဟာ လိုသလို လှည့်၍ ခေါက်ချိုးအသုံးပြုနိုင်ပြီး နာမည်နဲ့လိုက်အောင် ယောဂ စီးရီးတွေထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Ultra-thin Windows 10 နဲ့ Android tablet များ ထုတ်လုပ်ခဲ့ပြီး ဈေးကတော့ အလယ်လတ်တန်းစားကနေ အမြင့်စားအထိ ရှိပါတယ်။ ယခုတစ်ခါမိတ်ဆက်လိုက်တဲ့ Lenovo Yoga A12 ကတော့ ဘတ်ဂျတ် tablet လို့ပြောရပါလိမ့်မယ်။ ဈေးနှုန်းသက်သာပြီး အလန်းစား အသွင်အပြင်တွေနဲ့ဆွဲဆောင်ထားနိုင်ပါတယ်။
Keyboard က touch-based Halo ဖြစ်တဲ့အတွက် စာရိုက်တဲ့အခါ touch screen ဖြစ်ပါတယ်။ ခလုတ်တွေနဲ့ မဟုတ်ပါဘူး။ သိပ္ပံရုပ်ရှင်ဇတ်ကားထဲကလို touch screen အပေါ်မှာ စာရိုက်နိုင်မှာပါ။ မျက်နှာပြင်အကျယ် ၁၂.၂ လက်မ ရှိမှာ ဖြစ်ပြီး CPU အနေနဲ့ Intel Atom x5 Processor, RAM 2GB နဲ့ Storage 32 GB ဖြစ်ပါတယ်။ Yoga series ဖြစ်တဲ့အတွက် ၃၆၀ဒီဂရီအထိ လှည့်ပြီး အသုံးပြုနိုင်ပါတယ်။ အရောင်အနေနဲ့ သတ္တုမီးခိုးရောင် နဲ့ နှင်းဆီရွှေ ရောင် ဆိုပြီး ၂မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ Lenovo website မှာ လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၂၉၉ နဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အောက်ပါပုံတွေကတော့ Yoga A12 ရဲ့ပုံဖြစ်ပါတယ်။