Home News Xiaomi Redmi Note 4X ကို ချစ်သူများနေ့တွင် စတင်ရောင်းချမည်

Xiaomi Redmi Note 4X ကို ချစ်သူများနေ့တွင် စတင်ရောင်းချမည်

0
Xiaomi Redmi Note 4X ကို ချစ်သူများနေ့တွင် စတင်ရောင်းချမည်

Xiaomi ရဲ့ Redmi Note 4 ကို ၂၀၁၆ခုနှစ် သြဂုတ်လမှ စတင်ရောင်းချခဲ့ပြီး ယခုထွက်ရှိမယ့် Redmi Note 4x ကိုတော့ ချစ်သူများနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ (၁၄) ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ခန့်မှန်းချက်များအရ Xiaomi Redmi Note 4X ဟာ Redmi Note 4 ထက် အနည်းငယ် ဈေးပိုမြင့်မားနိုင်ကြောင်း သိရပါတယ်။

သတင်းပေါက်ကြားချက်များအရ CPU ကို 2GHz deca-core အနေနဲ့တပ်ဆင်ထားမယ်လို့သိရပါတယ်။ ဒါပေမယ့် အချို့သော သတင်းပေါက်ကြားမှုများမှာတော့ CPU ကို MediaTek Helio X20 SoC ဒါမှမဟုတ် Snapdragon 653 SOC အနေနဲ့ ဖြစ်လိမ့်မယ်လို့ ရေးသားထားကြပါတယ်။ Xiaomi အနေနဲ့ တပ်ဆင်ထားတဲ့ hardware specification ကို အသေးစိတ် တရားဝင် ပြောကြားထားခြင်းမရှိပါဘူး။ ချစ်သူများနေ့မှာ ရောင်းချမည်လို့သာ ပြောကြားထားပါတယ်။ မျက်နှာပြင်ကိုတော့ ၅.၅လက်မ Full HD display ဖြစ်ပြီး RAM ကို 2GB, 3GB နဲ့ 4GB ဆိုပြီး အမျိုးအစား ၃မျိုးထုတ်မှာပါ။ Storage အနေနဲ့ကတော့ 16GB, 32GB, 64GB ဆိုပြီး သုံးမျိုးလာမှာပါ။ Micro SD ကဒ်ကို 32GB အထိ ထောက်ပံ့နိုင်ပါတယ်။ ဖုန်းဘော်ဒီအနေနဲ့ကတော့ 151×76.3×8.54mm ဖြစ်တာကြောင့် အနည်းငယ်ပိုမိုကျယ်ပြန့်မှာ ဖြစ်သလို အထူကလည်း Redmi Note 4 ထက် အနည်းငယ် ထူမှာ ဖြစ်ပါတယ်။

Android OS Marshmallow ကိုအခြေခံထားတဲ့ MIUI 8 နဲ့အထောက်အပံ့ပေးထားမှာ ဖြစ်ပြီး ဘတ်ထရီ 4000 mAh ပါဝင်တာကြောင့် ဘတ်ထရီသက်တမ်းကြာကြာသုံးနိုင်မှာပါ။ ဖုန်းရဲ့ ကျောဘက်မှာ လက်ဗွေရာစနစ်ကို ထည့်သွင်းပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: