
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသစ်ဟာ နည်းပညာကုမ္ပဏီအပါအဝင် လုပ်ငန်းကြီး အတော်များများကို အကြီးအကျယ်ထိခိုက်နစ်နာစေသလို အမေရိကန်ရဲ့ နဂိုရှိရင်းစွဲ မူဝါဒကိုလည်း ဖောက်ဖျက်နေသလို ဖြစ်နေပါတယ်။ လွတ်လပ်သော အမေရိကန်ရဲ့ မူရင်းပုံစံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအသစ်တွေက ပျက်စီးစေသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် အမေရိကန်နိုင်ငံအတွင်းမှာ ရှိတဲ့ နည်းပညာကုမ္ပဏီ အပါအဝင်အခြားသော လုပ်ငန်း များ ပူးပေါင်း၍ ထရမ့်ရဲ့ မူဝါဒကို အတူတူ စုပေါင်းတွန်းလှန်သွားမယ်လို့ သိရပါတယ်။ အဓိက လုပ်ငန်းကြီး ၉၇ ခုတို့က ဦးစီးပြီး ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒအသစ်ဟာ တစ်ကယ်တမ်းဆို အမေရိကန်နိုင်ငံရဲ့ ဥပဒေကိုချိုးဖောက်သလိုဖြစ်နေတဲ့အတွက် နည်းပညာ ကုမ္ပဏီတွေက ဥပဒေနဲ့အညီ သမ္မတအား ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ ကြောင့် လုပ်ငန်းအခက်အခဲများရင်ဆိုင်နေရသော သူများ၊ မိသားစုတစ်ကွဲတစ်ပြားဖြစ်နေသော သူများအား နည်းပညာ ကုမ္ပဏီကြီးမျာအပါအဝင် အခြားသော အမေရိကန်လုပ်ငန်းကြီးများ စုပေါင်း၍ လှူဒန်းမှု ပြုလုပ်ခဲ့ပါသေးတယ်။
ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒဟာ အမေရိကန်နိုင်ငံရဲ့ ၁၉၆၅ လူသားအချင်းချင်း ခွဲခြားဆက်ဆံခံရမှု ဥပဒေကို ချိုးဖောက်နေတာ ဖြစ်တဲ့အတွက် လက်ရှိမှာ ထရမ့်ရဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်းနိုင်ဖွယ်ရှိနေပါတယ်။