Home News Xiaomi Mi 5c ဖေဖော်ဝါရီလအတွင်းထွက်မည်ဟု သတင်းပေါက်ကြား

Xiaomi Mi 5c ဖေဖော်ဝါရီလအတွင်းထွက်မည်ဟု သတင်းပေါက်ကြား

0
Xiaomi Mi 5c ဖေဖော်ဝါရီလအတွင်းထွက်မည်ဟု သတင်းပေါက်ကြား

ပြီးခဲ့တဲ့ရက်ပိုင်းက Xiaomi ရဲ့ Redmi Pro 2 specification သတင်းတွေ ပေါက်ကြားပြီးနောက် ယခုလည်း Xiaomi Mi 5c ဖေဖော်ဝါရီလအတွင်းမှာ ထွက်မယ်လို့ သတင်းပေါက်ကြားမှုတွေ ဖြစ်နေပါတယ်။  GizChina ရဲ့ ထုတ်ပြန်မှု အရ Xiaomi Mi 5c မှာ CPU အနေနဲ့ 14 nm Snapdragon 625 နဲ့တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး RAM 3GB ၊ သိမ်းဆည်သိုလှောင်နိုင်မှု 64GB နဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ကင်မရာအနေနဲ့ Selfies ဘက်ခြမ်းကို 8 Megapixel ဖြစ်ပြီး အပြင်ဘက်ကင်မရာကိုတော့ 12 Megapixel အနေနဲ့ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Hardware နဲ့ပတ်သတ်ပြီး သိပ်သဘောမကျစရာတစ်ခုကတော့ ဘတ်ထရီ ဖြစ်ပါတယ်။ 5V/2A power adapter ဖြစ်တဲ့အတွက် Fast Charging လုပ်ဆောင်ချက် ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘတ်ထရီအားသွင်းတဲ့အခါ အားဝင် မြန်မှာတော့ မဟုတ်ပါဘူး။ မျက်နှာပြင် ၅.၅ လက်မ ကို Full HD အထောက်အပံ့ပေးထားမှာ ဖြစ်ပြီး 2.5 D Curved Glass Protection ဖြစ်တဲ့အတွက် မျက်နှာပြင် မှန်သားအစွန်းလေးဟာ လေးထောင့်ကျကျမဟုတ်ဘဲ အနည်းငယ် ခုံးနေမှာ ဖြစ်ပါတယ်။

OS အနေနဲ့ကတော့ Android ဗားရှင်း 6 ဖြစ်တဲ့ Marshmallow ကို အခြေခံထားတဲ့ MIUI 8 နဲ့ထွက်ရှိလာမှာ ဖြစ်ပါတယ်။ အောက်ပါပုံကတော့ Xiaomi Mi 5c ရဲ့ ပေါက်ကြားထားတဲ့ပုံဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: