Home News မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၄ ဦး အချုပ်ခန်းဖောက်ပြေးလွတ်မြောက်

မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၄ ဦး အချုပ်ခန်းဖောက်ပြေးလွတ်မြောက်

0
မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းမှ အချုပ်သား ၄ ဦး အချုပ်ခန်းဖောက်ပြေးလွတ်မြောက်

ဖေဖော်ဝါရီလ ၄ရက် နံနက် (၁)နာရီခန့် တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းမှ စစ်ဆေးဆဲ အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် မုဒုံမြို့နေ လွမ်းဝေနိုင် ( ၂၂ နှစ်) ၊ မော်လမြိုင်မြို့မှ ခိုင်လင်းမြင့် ( ၂၃ နှစ်) ၊ စိုးစည်သူရှိန် ( ၂၁နှစ်) နှင့် ခိုးမှုဖြင့်ဖမ်းဆီးခံထားရ သည့် မျိုးဇော် (၁၇)နှစ် တို့ ပူးပေါင်း၍ အချုပ်ခန်းအား ဖောက်၍ ထွက်ပြေးလွတ်မြောက်သွားသည်။

လက်ရှိတွင် ခိုးမှုဖြင့် ဖမ်းဆီးခြင်းခံထားရသည့် မျိုးဇော် (၁၇) နှစ်အား ပြန်လည်ဖမ်းဆီးရမိထားပြီး ကျန်ရှိသော အချုပ်သား ၃ ယောက်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။ အချုပ်ခန်းသံတိုင်အား သံဖြတ်လွှဖြင့် တိုက်ဖြတ်ကာ အချုပ်ခန်းအား ဖောက်သွားခြင်း ဖြစ်သည်။ အချုပ်ခန်းဖောက်ချိန်တွင် အချုပ်ခန်းလုံခြုံရေးအတွက် ကင်းမှူးအပါအဝင် တာဝန်ကျ ကင်းသား ၄ ယောက် တာဝန်ယူစောင့်ကြည့်ခြင်းဖြစ်ပြီး အချုပ်ခန်းတာဝန်ယူမှု ပေါ့လျော့မှုကြောင့် အောင်မြင်စွာ အချုပ်ခန်း ဖောက်ထွက်နိုင်သွားရခြင်း ဖြစ်သည်။

လက်ရှိတွင် အချုပ်သားထွက်ပြေးလွတ်မြောက်သွားမှုကြောင့် တာဝန်ကျ ရဲတပ်သားများမှာ ဥပေဒအရ အရေးယူခြင်း ခံရမှာ ဖြစ်ပြီး ရဲစည်းကမ်းဥပဒေအရ အချုပ်သားထွက်ပြေးရင် တာဝန်ကျသူမှာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ကျခံနိုင်ရ ကြောင်း ရဲမှူးမြင့်အောင် က ပြောလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: