Home News မွန်ပြည်နယ်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

မွန်ပြည်နယ်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

0
မွန်ပြည်နယ်ရှုခင်းအလှဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်နဲ့ မွန်ပြည်နယ်ရဲ့ အလှအပများကို ဖော်ထုတ်ခံစားနိုင်စေရန် မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းများအသင်းက အဓိကကူညီပံ့ပိုးကာ ပြည်နယ်အစိုးရအဖွဲ့က ဦးစီးကျင်းပပေးမှာ ဖြစ်ပါတယ်။ ခေါင်းစဉ်အနေနဲ့  ” မွန်ပြည်နယ် ရှုခင်းအလှ ” အမည်ဖြင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မည်သူ မဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစည်းကမ်းချက်တွေကတော့

(၁)ပြိုင်ပွဲဓါတ်ပုံအရွယ်အစားမှာ ၁ဝလက်×၁၄လက်မအရွယ်အစား တစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပုံအရေအတွက် အကန့်အသတ်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။

(၂) သဘာဝအတိုင်း မြင်တွေ့သည့် အနေအထားတိုင်းဖြစ်ပြီး ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ဖန်တီး ထားသော ဓါတ်ပုံများနှင့် ပြည်တွင်း/ပြည်ပဓါတ်ပုံပြိုင်ပွဲတွင် ဆုတစ်ခုခုရရှိခဲ့ဖူးတဲ့ ဓါတ်ပုံတွေနဲ့ ယှဉ်ပြိုင်ခြင်းမပြုရပါ။

(၃) ပြိုင်ပွဲဝင်ဓါတ်ပုံဟာ၂၀၁၆ခုနှစ်နဲ့ ၂၀၁ရခုနှစ်အတွင်း မိမိကိုယ်တိုင်ရိုက်ကူးထားတဲ့ ဝန်ခံချက်ပါရှိရပါမယ်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။

(၄) ပြိုင်ပွဲဝင်ဓါတ်ပုံများဟာ ပုံနှိပ်ထုတ်ဝေထားပြီးတဲ့ ဓါတ်ပုံများ၊ Websiteများတွင် အသုံးပြုပြီးသော ဓါတ်ပုံများမဖြစ်စေရပါ။

(၅) ပြိုင်ပွဲဝင်ပုံတိုင်းရဲ့ နောက်ကျောမှာ ပုံစံပါအချက်အလက်များအတိုင်း ပြည့်စုံစွာ ဖြည့်သွင်းပြီး တိတ်နဲ့ ခိုင်ခံစွာကပ်ပေးရပါမယ်။ပုံမှာ မည်သည့်ရေစာအမှတ်အသားမှ မပါစေရပါ။(ပုံစံကို မိတ္တကူးအသုံးပြုနိုင်ပါတယ်)

(၆) ပြိုင်ပွဲဝင်ပုံများနဲ့အတူ Print Fileနှင့် Original File တို့ကို CDနှင့်ထည့်၍တစ်ပါတည်းပူးတွဲတင်ပြ ရပါမယ်။

(၇) ဆုရရှိသောပုံများ၊ ဆုမရရှိသောပြိုင်ပွဲဝင်ဓါတ်ပုံများကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ အသုံးပြုလိုသော မည်သည့်ကိစ္စတွင်မဆို အသုံးပြုရန်နှင့် ဓါတ်ပုံမှတ်တမ်းစာအုပ်တွင် ပုံနှိပ်ဖော်ပြမှုကို သဘောတူခွင့် ပြုရပါမယ်။

ဓာတ်ပုံပြိုင်ပွဲကို ယှဉ်ပြိုင်မယ့်သူတွေကတော့ ပြိုင်ပွဲဝင်ဖောင်ကို မွန်ပြည်နယ် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ခရိုင်/ မြို့နယ် ရုံးများနဲ့ ရတနာမြိုင်တေးသံသွင်း စတူဒီယို တို့မှာ ထုတ်ယူနိုင်မှာ ဖြစ်ပြီး မတ်လ ၇ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံး ထားပြီး ဦးစိုးပိုင် (လက်ထောက်ညွှန်ကြားရေးမှူး) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ဖုန်း ၀၅၇- ၂၇၀၇၃ ကို ဆက်သွယ်ပြီး ပေးပို့ရမှာ ဖြစ်ပါတယ်။

ပထမဆု (၁၀) သိန်း၊ ဒုတိယဆု (၇) သိန်း၊ တတိယဆု (၅)သိန်း၊ အထူးဆု (၂) သိန်း၊ နှစ်သိမ့်ဆု (၁)သိန်း စီ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပြီး ဆုပေးပွဲကိုတော့ (၄၃) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်ကျင်းပရာ ပြည်နယ်ခမ်းမ မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: