
ဇန်နဝါရီ တစ်လအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၅ စီးဖမ်းစီးရမိကြောင်း မွန်ပြည်နယ် အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး မှ သိရသည်။ ဖမ်းစီးရမိသော မော်တော်ယာဉ် ၂၅စီးတွင် ၆ စီးမှာ ပိုင်ရှင်မဲ့ ယာဉ်ဖြစ်ပြီး ဖမ်းစီးရမိသော သက်ဆိုင်ရာ နယ်မြေအလိုက် အားလုံးကို အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လိုင်စင်မဲ့ ယာဉ်ပိုင်ရှင် များကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) ဖြင့် အရေးယူသွားမှာ ဖြစ်ပြီး ဒဏ်ငွေ ၂သိန်းကျပ်နှင့် ထောင်ဒဏ် တစ်လ ကျဖွယ် ရှိသည်။
၂၀၁၆ခုနှစ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် ၃၉ရစီးဖမ်းစီးရရှိခဲ့ပြီး ၁၃၉စီးမှာ ပိုင်ရှင်မဲ့ မော်တော်ယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။