Home News ဦးကိုနီအားလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သော တရားခံ အောင်ဝင်းဇော်ကို ဖမ်းမိ

ဦးကိုနီအားလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သော တရားခံ အောင်ဝင်းဇော်ကို ဖမ်းမိ

0
ဦးကိုနီအားလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သော တရားခံ အောင်ဝင်းဇော်ကို ဖမ်းမိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံမှုတွင် ပူးပေါင်းပါဝင်ခဲ့သော တရားခံ အောင်ဝင်းဇော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေငြာလိုက်သည်။ တရားခံအောင်ဝင်းဇော် အား ဇန်နဝါရီလ (၃၀) ရက်နေ့ မနက် ၄နာရီ မိနစ် ၂၀ တွင် သံလွင်တံတား ( ဘားအံ) ကို ဖမ်းဆီးရမိခဲ့သည်။ လုပ်ကြံမှုအပြီး ၁၂နာရီ အကျော်တွင်ဖမ်းဆီးရမိခဲ့သော်လည်း သတင်းအား ချက်ချင်းမထုတ်ပြန်ဘဲ သမ္မတရုံးမှ ဖေဖော်ဝါရီ (၃) ရက်မှသာ သတင်းထုတ်ပြန်ခဲ့သည်။ တရားခံအား တပ်မတော်နှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ သတင်းကွင်းဆက်ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိမှုအခြေအနေများအပေါ် မူတည်၍ ပြည်သူများဆီသို့ သတင်းထုတ်ပြန်သွား မည်ဖြစ်ကြောင်း သမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ကြေငြာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: