Home News ၆ ပေအရှည်ခန့်ရှိသော တုတ်ပြားကောင်အား လူနာ၏ ပါးစပ်အတွင်းမှ ခွဲစိတ်ထုတ်ပေးခဲ့ရ

၆ ပေအရှည်ခန့်ရှိသော တုတ်ပြားကောင်အား လူနာ၏ ပါးစပ်အတွင်းမှ ခွဲစိတ်ထုတ်ပေးခဲ့ရ

0
၆ ပေအရှည်ခန့်ရှိသော တုတ်ပြားကောင်အား လူနာ၏ ပါးစပ်အတွင်းမှ ခွဲစိတ်ထုတ်ပေးခဲ့ရ

တုတ်ပြားကောင်ဆိုတာ ခန္ဓာကိုယ်အတွင်းမှာ နေထိုင်နိုင်တဲ့ ကပ်ပါးကောင်တစ်မျိုး ဖြစ်ပြီး ရှိနေလို့ ရှိနေမှန်းမသိနိုင်တဲ့ အကောင်တစ်မျိုးပါ။ အစားအသောက်ကနေ တစ်ဆင့်ဖြစ်ပွားလေ့ရှိပြီး အဓိကအားဖြင့် ဝက်သားများများစားရင်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းမှာ ဥတွေထပ်မံပေါက်ဖွားနိုင်ပြီး အကောင်ငယ်လေးတွေ များစွာ ပေါက်ဖွားပေးနိုင်ပါတယ်။ အသက် (၄၂) နှစ်အရွယ်ရှိတဲ့ အိန္ဒိယနိုင်ငံသား တစ်ယောက်ကတော့ ၂လ ခန့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ အင်အားနုံးချိခြင်းကို ခံစားနေရပြီး ဆရာဝန်သွားတော့မှ ကိုယ်တွင်းမှာ တုတ်ပြားကောင် ရှိနေတာကို သိရပါတယ်။ ဒါဟာ တုတ်ပြားကောင်ရှိခြင်းရဲ့ အဓိက လက္ခဏာတစ်ရပ်ဖြစ်ပြီး ဆရာဝန်များက ဒါကို ကုသဖို့ကြည့်လိုက်တဲ့အခါမှာ ပုံမှန်မဟုတ်တာကို တွေ့လိုက်ရပါတယ်။ တုတ်ပြားကောင်ရဲ့ အရှည်က ၆ပေခန့်ရှိနေတာကို တွေ့လိုက်ရတဲ့အခါ ခွဲစိတ်ကုသဖို့ အခြေအနေထိ ဖြစ်သွားရပါတယ်။

ဒါကြောင့် ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး တုတ်ပြားကောင်ကို ပါးစပ်ကနေ ဆွဲထုတ်ခဲ့ရပါတယ်။ အကယ်၍များ ကုသမှုနောက်ကျခဲ့ရင် ဒီထက်ပိုပြီး တုတ်ပြားကောင်ပိုမို ကြီးထွားလာနိုင်ပြီး နောက်ထပ် အကောင်ငယ်များလည်း ပေါက်ဖွားနိုင်မှာ ဖြစ်ပါတယ်။ အောက်ပါပုံကတော့ တုတ်ပြားကောင်ရဲ့ အရှည်ဖြစ်ပါတယ်။

 

worm

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: