Home News ဟက်ကာများက အမေရိကန် ရေဒီယိုလိုင်းအား hack ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား ဆဲဆိုထားသည့် သီချင်း တစ်နိုင်ငံလုံးသို့လွှင့်

ဟက်ကာများက အမေရိကန် ရေဒီယိုလိုင်းအား hack ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား ဆဲဆိုထားသည့် သီချင်း တစ်နိုင်ငံလုံးသို့လွှင့်

0
ဟက်ကာများက အမေရိကန် ရေဒီယိုလိုင်းအား hack ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား ဆဲဆိုထားသည့် သီချင်း တစ်နိုင်ငံလုံးသို့လွှင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒအသစ်ဟာ နည်းပညာလောကအပါအဝင် အခြားသော လုပ်ငန်းများကိုပါ အကြီးအကျယ် ထိခိုက်နစ်နာစေတာကြောင့် လက်ရှိမှာ နည်းပညာကုမ္ပဏီအားလုံးရဲ့ ရှုံ့ချခြင်းကို ခံနေရပါ တယ်။ ဒါကြောင့် လက်ရှိမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး သမ္မတဘက်ကနေလည်း အလျော့ပေးမှုမရှိခဲ့ပါဘူး။ ဒေါ်နယ်ထရမ့် ကို မထောက်ခံသူ ဟက်ကာ တစ်စုက အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အတော်များများက ရေဒီယိုလိုင်းတွေကို ဝင်ရောက်ချိုး ဖောက်ခဲ့ပြီး ဒေါ်နယ်ထရမ့်ကို ဆဲထားတဲ့ သီချင်းကို လွှင့်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှ ရက်ပ် အဆိုတော် YG နဲ့ Nipsey Hussle သီဆိုထားတဲ့ ” Fuck Donal Trump ” သီချင်းကို ၁၅ မိနစ်ကျော်ခန့် repeat လုပ်၍ အမေရိကန်ပြည်နယ်တိုင်းနီးပါးကို လွှင့်လိုက်ပါတယ်။

ဟက်ကာတွေဟာ FM Transmitter များကို ကြားဖြတ် ဝင်ရောက်ချိုးဖျက်ကာ audio ဖိုင်အနေနဲ့ hack ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ထပ်ဆင့်လွှင့်ရုံများမှတစ်ဖန် အခြားသော ရေဒီယိုဌာနတွေဆီမှာ အဆိုပါ ဆဲဆိုထားသည့် သီချင်းလှိုင်းများ ရောက်ရှိခဲ့ပြီး သမ္မတနေထိုင်ရာ ၀ါရှင်တန် ဒီစီ အထိပါ ရောက်ရှိသွားပါတယ်။ အောက်ပါ Video ကတော့ ဒေါ်နယ်ထရမ့်ကို ဆဲထားတဲ့ သီချင်းဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: