
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ အသစ်နဲ့ မွတ်စလင် နိုင်ငံ (၇) နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ ကိစ္စနဲ့ ပတ်သတ်လို့ နည်းပညာလုပ်ငန်းအားလုံးမှာ အနှုတ်သဘောဆောင်ပြီးနောက် နည်းပညာလောကရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။ လက်ရှိမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ကနေ Uber CEO တစ်ယောက် နှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ Uber ကုမ္ပဏီရဲ့ CEO Travis Kalanick ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အနီးကပ် စီးပွားရေးအကြံပေးအနေနဲ့ အိမ်ဖြူတော်ကနေ တာဝန်ပေးထားပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒနဲ့ ပတ်သတ်ပြီး တာဝန်ကနေ နှုတ်ထွက်ခြင်း ဖြစ်ပါတယ်။
ထရမ့်ရဲ့ မူဝါဒကြောင့် Uber ကုမ္ပဏီအပါအင် နည်းပညာလုပ်ငန်းများအားလုံး ဆုံးရှုံးနစ်နာရခြင်း ဖြစ်ပြီး Uber မှ အငှားကားများဟာ ဆန်ဖရန်စစ္စကို မြို့ လေဆိပ်မှာ ဆန္ဒများသူများနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ Uber ကတော့ ဒါဟာ နားလည်မှုလွဲမှားတာ ဖြစ်ပြီး Uber အနေနဲ့ ကားငှားသူများကို ခရီးပို့ဆောင်ပေးခြင်းသာ ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Uber ရဲ့ အမှုဆောင်အရာရှိချုပ် Travis Kalanick ကတော့ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို မထောက်ခံကြောင်း ပြောကြားခဲ့ပြီး ဒါဟာ မိသားစုများကို တစ်ကွဲတစ်ပြားဖြစ်စေကြောင်း၊ နိုင်ငံတစ်ကာမှ လာရောက်လည်ပတ်သူများ အမေရိကန်ကို ကြောက်ရွံ့သွားနိုင်ကြောင်းဖြစ် သည့်အတွက် အမေရိကန်နိုင်ငံရဲ့ ပင်ကိုယ်လွတ်လပ်မှုမူဝါဒနှင့် ဆန့်ကျင်နေကြောင်း ပြောကြားခဲ့ပါတယ်။ ထရမ့် ရဲ့ မူဝါဒ ဟာ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့်ရသူ (Green Card) တောင် ပိတ်ပင်ထားတဲ့ မွတ်စလင် နိုင်ငံ (၇) နိုင်ငံထဲက ပါဝင်နေလို့ ခရီးထွက်ပြီး အမေရိကန်ကို ပြန်လာရင်တောင် လေဆိပ်မှာ ထိန်းသိမ်းခံထိမှာပါ။
ဒါကြောင့် လက်ရှိမှာ အမေရိကန်ဒေါ်နယ်ထရမ့် ရဲ့အနီးကပ် စီးပွားရေးအကြံပေးအဖြစ် Telsa နဲ့ Space X ကုမ္ပဏီ ၂ခုတို့ရဲ့ အမှုဆောင်အရာရှိချုပ် Elon Musk သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။ Elon Musk လည်း ဘယ်ချိန်မှာ ထွက်မလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ မူဝါဒကိုလည်း Apple, Airbnb, Uber, Microsoft, Google, Telsa, Space X နဲ့ အခြားသော နည်းပညာကုမ္ပဏီတွေက ပြင်းထန်စွာ ရှုပ်ချခဲ့ပါတယ်။