Home News အီရန်အခြေပြု iOS App များအား Apple App Store မှ ဖြုတ်ချ

အီရန်အခြေပြု iOS App များအား Apple App Store မှ ဖြုတ်ချ

0
အီရန်အခြေပြု iOS App များအား Apple App Store မှ ဖြုတ်ချ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒ ကြောင့် Apple ကနေ အီရန်  အခြေပြု iOS app များကို ဖြုတ်ချရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် အီရန်ကနေ တင်တဲ့ မည်သည့် developer မဆို App တင်ခွင့် ရရှိမှာမဟုတ်ပါဘူး။ အကယ်၍များ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်က ပြန်လည်ပြင်ဆင်ခဲ့မှ သာလျှင် အီရင် iOS App များကို App Store ပေါ်သို့ ပြန်လည်တင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဖြုတ်ချခဲ့တဲ့ iOS App များထဲမှာ အီရန် နိုင်ငံရဲ့ အကြီးဆုံး E-Commerce လုပ်ငန်းဖြစ်တဲ့ DigiKala App အပါအဝင်ဖြစ်ပါတယ်။

Developer ပေါင်းများစွာက Apple ကို အဆိုပါကိစ္စနှင့် ပတ်သတ်၍ စာပို့ခဲ့သော်လည်း Apple မှ ” ဝမ်းနည်းပါတယ်၊ ဒီအချိန်မှာ အီရန်နိုင်ငံကနေ App တင်ခြင်း၊ App မှတစ်ဆင့် ငွေပေးချေမှုကိစ္စများ အပါအဝင် အရာအားလုံးကို အမေရိကန် ရဲ့ အီရန်အား စီးပွားရေးပိတ်ဆို့မှု ဥပဒေ ( 31CFR Part 560 ) နဲ့ ပိတ်ပင်ထားပါတယ်” ဟု ပြန်လည် မေး်လ်ပို့ခဲ့ ပါတယ်။ ဒါကြောင့် အီရန်ရဲ့ iOS app developer တွေဟာ Apple App Store မှာ တင်ခွင့်မရတာကြောင့် အခြားသော Third Party App Store တွေမှာ တင်ရမယ့် အခြေအနေဆိုက်ရောက်သွားပါတယ်။ ဒါ့အပြင် iPhone ကိုင်ဆောင်သူများအနေနဲ့ ဖုန်းကို Jailbreak လုပ်မှ Third Party App တွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: