Home News Xiaomi ရဲ့ Redmi Pro 2 မှာ ဘာတွေပါမလဲ

Xiaomi ရဲ့ Redmi Pro 2 မှာ ဘာတွေပါမလဲ

0
Xiaomi ရဲ့ Redmi Pro 2 မှာ ဘာတွေပါမလဲ

Xiaomi ရဲ့ Redmi Pro ဟာ Redmi စီးရီးထဲမှာ အကောင်းဆုံး ဖြစ်သလို ပထမဆုံး Xiaomi ရဲ့ OLED display နဲ့ ကင်မရာ နှစ်လုံး ပါဝင်တဲ့ ဖုန်းလဲ ဖြစ်ပါတယ်။ ယခုအခါမှာ Redmi Pro ကို နောက်ထပ် ဗားရှင်းအသစ်အနေနဲ့ ထွက်မယ်လို့ သတင်းပေါက်ကြားမှုရှိခဲ့ပါတယ်။ အဲ့ဒါကတော့ Xiaomi ရဲ့ Redmi Pro 2 ဘဲ ဖြစ်ပါတယ်။ သတင်းပေါက်ကြားမှုတွေ အရ Xiaomi ဟာ Redmi Pro 2 မှာ ကင်မရာ တစ်လုံးဘဲ ပါတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကင်မရာရဲ့ Performance ကို မြင့်မားစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Redmi Pro 2 မှာ ကင်မရာကို Sony IMX362 တပ်ဆင်အသုံးပြုထားမှာ ဖြစ်ပြီး pixel ကတော့ 1.4µm ရှိပါတယ်။ ဒါ့အပြင် ထူးခြားချက်အနေနဲ့ dual pixel autofocus အနေနဲ့ အဆင့်မြှင့်ထားပေးမှာ ဖြစ်ပါတယ်။

CPU ကိုတော့ Snapdragon 660 နဲ့တပ်ဆင်အသုံးပြုမှာ ဖြစ်ပြီး Performance ကို Redmi Pro ထက် ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ Redmi Pro တုန်းက ဘတ်ထရီ  4050 mAh တပ်ဆင်ထားပေမယ့် အခု Redmi Pro 2 မှာ 4500 mAh အနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် နာရီပေါင်းများစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Screen ဆိုဒ်ကတော့ ပြောင်းလဲမှုမရှိပါဘူး။ ၅.၅ လက်မ display အနေနဲ့ဘဲ ထွက်ရှိမှာ ဖြစ်ပါတယ်။

Redmi Pro 2 ကို စျေးနှုန်း ၂မျိုးလောက်နဲ့ ထွက်ရှိပါမှာ။ RAM 4 GB, Storage 64GB ကို ယွမ် 1599 နဲ့ ရောင်းချ မှာ ဖြစ်ပြီး RAM 6GB, Storage 128 GB ကိုတော့ ယွမ် 1799 နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ အောက်ပါပုံကတော့ Xiaomi Redmi Pro 2 ရဲ့ သတင်းပေါက်ကြားထားတဲ့ ပုံဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: