Home News Super Mario Run ဂိမ်း အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၃မီလီယံ ရရှိ

Super Mario Run ဂိမ်း အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၃မီလီယံ ရရှိ

0
Super Mario Run ဂိမ်း အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၃မီလီယံ ရရှိ

Super Mario Run ဂိမ်းကို ဂျပန်ကုမ္ပဏီ Nintendo မှ ဒီဇင်ဘာလမှာ iOS app အနေနဲ့ ထုတ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ ဒေါင်းလုပ်အကြိမ်အရေအတွက် အများဆုံး ဂိမ်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ Wall Street Journal ရဲ့ ထုတ်ပြန်ချက် အရ ယခုဆိုရင် Super Mario Run ဂိမ်းကို ဒေါင်းလုပ်ဆွဲသည့် အကြိမ်အရေအတွက်မှာ ၇၈ မီလီယံ ကျော် ရှိပြီး အကျိုးအမြတ်အနေနဲ့ အမေရိကန် ဒေါ်လာ ၅၃မီလီယံခန့် ရရှိနေပြီ ဖြစ်ပါတယ်။ ဂိမ်းမှာ ပါဝင်တဲ့ အခန်းဆက်အားလုံးကို ကစားဖို့ ၁၀ ဒေါ်လာနဲ့ဝယ်ယူရမှာ ဖြစ်ပြီး အခန်းဆက်အားလုံးကို မကစားဖူးဆိုရင်တော့ အခမဲ့ ကစားနိုင်ပါတယ်။ ၁၀ ဒေါ်လာနဲ့ အပြည့်ဝယ်ယူမှ ဂိမ်းထဲမှာပါဝင်တဲ့ level တိုင်းကို ကစားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ Super Mario Run ဂိမ်းကို Easy Mode အနေနဲ့ update ထပ်ပေးထားပါတယ်။ လာမယ့် မတ်လ ၂၀၁၇ မှာ Android အတွက် ထုတ်ပေးမှာ ဖြစ်ပြီး လက်ရှိမှာတော့ Nintendo ရဲ့ Super Mario Run ဂိမ်းကို Android ပေါ်မှာ ကစားနိုင်မှာ မဟုတ်သေးပါဘူး။ Google Play Store ပေါ်မှာ တွေ့ရတဲ့ Super Mario ဂိမ်းတွေဟာ Nintendo က ထုတ်တာမဟုတ်ဘဲ အဆိုပါ App တွေမှာ ads တွေနဲ့ malware တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လ ထဲမှာ Nintendo က Switch Console လို့ခေါ်တဲ့ ဂိမ်းစက်တွေ ထွက်ရှိမှာ ဖြစ်ပြီး ထုတ်ပြန်ချက်များ အရ အဆိုပါ Switch Console အတွက်ထုတ်လုပ်စရိတ်ကို ၂၀၁၆ခုနှစ်က အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ထဲမှ ၅၆၉မီလီယံဒေါ်လာကို ထုတ်ယူအသုံးပြုထားတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: