Home News Anonymous ဟက်ကာအဖွဲ့မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စမတ်ဖုန်းအား hack နိုင်မည့် နည်းလမ်းဖော်ပြ

Anonymous ဟက်ကာအဖွဲ့မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စမတ်ဖုန်းအား hack နိုင်မည့် နည်းလမ်းဖော်ပြ

0
Anonymous ဟက်ကာအဖွဲ့မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စမတ်ဖုန်းအား hack နိုင်မည့် နည်းလမ်းဖော်ပြ

Anonymous လို့အမည်ရတဲ့ ဟက်ကာအဖွဲ့အစည်းတစ်ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စမတ်ဖုန်းကို ဟက်နိုင်မယ့် နည်းလမ်းကို Twitter မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နည်းလမ်းအပြည့်အစုံမဟုတ်ဘဲ လမ်းစအနေနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ Samsung Galaxy S3 ဟာ လုံခြုံရေးစနစ် အားနည်းချက် ရှိသည့် အတွက် Stagefright နည်းလမ်းကို အသုံးပြုပြီး လွယ်ကူစွာ ဟက်နိုင်မှာ ဖြစ်ပါတယ်။ Stagefright နည်းလမ်းနဲ့ ဘယ်လို အသေးစိတ်လုပ်မလဲဆိုတာကိုတော့ မပြခဲ့ပါဘူး။ လမ်းစဖော်ရုံလေး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Stagefright  နည်းလမ်း အကြောင်းကို နားလည်တဲ့ သူတိုင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

ထရမ့်အနေနဲ့ သတင်းဆိုဒ်တွေကနေ လင့်တစ်ခုဖွင့်မိရုံနဲ့တင် ဟက်နိုင်တယ်လို့ Anonymous က ပြောခဲ့ပါတယ်။ MP4 video format အနေနဲ့ ဒေါင်းလုပ်ချဆွဲစေမှာ ဖြစ်ပြီး နောက်ကွယ်မှာ ကြိုတင်ရေးသားထားတဲ့ malware program ဖိုင်တစ်ခု ပါဝင်မှာ ဖြစ်ပါတယ်။ အဆိုပါ အားနည်းချက်ကို Samsung Galaxy S3 နဲ့ S4 တို့မှာ လွယ်ကူစွာ ဟက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ထရမ့်ကို လုံခြုံရေးမြင့်တဲ့ စမတ်ဖုန်းလဲဖို့ အကြံပြုခဲ့ပေမယ့် ထရမ့်ကတော့ ခေါင်းမာစွာနဲ့ဘဲ သူ့ရဲ့ Samsung Galaxy S3 ကို ဆက်သုံးနေသေးတာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: