
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒအသစ်ကြောင့် လက်ရှိမှာ မွတ်စလင်နိုင်ငံ (၇) နိုင်ငံမှ ပြည်ဝင်ခွင့်ကို ပိတ်ထားပြီး နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေကိုပါ ပိတ်ပစ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Viber ရဲ့ဝန်ဆောင်မှုကိုလည်း သမ္မတရဲ့ မူဝါဒါအသစ်အရ ပိတ်ပစ်ရမှာ ဖြစ်ပါတယ်။ ပိတ်လိုက်တဲ့ နိုင်ငံတွေကတော့ ဆီးရီးယား၊ အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမာလီးယား၊ဆူဒန် နဲ့ ရီမန်နိုင်ငံတို့ ဖြစ်ပါတယ်။
Viber ကုမ္ပဏီကို ဝယ်ယူပိုင်ဆိုင်ထားတဲ့ ဂျပန် E-Commerce လုပ်ငန်းစု Rakuten မှ CEO ဖြစ်တဲ့ ဟိုင်တိုရှိ ကတော့ ” အမေရိကန်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကတော့ ဝမ်းနည်းဖို့ကောင်းပါတယ် ” လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သမ္မတရဲ့ အမိန့်ကြောင့် မပိတ်ချင်လည်း ပိတ်ရမှာ ဖြစ်ပါတယ်။