Home News Razer ကုမ္ပဏီမှ Nextbit လုပ်ငန်းအားဝယ်ယူ၍ စမတ်ဖုန်းလောကသို့ ဝင်ရောက်ထိုးဖောက်မည်

Razer ကုမ္ပဏီမှ Nextbit လုပ်ငန်းအားဝယ်ယူ၍ စမတ်ဖုန်းလောကသို့ ဝင်ရောက်ထိုးဖောက်မည်

0
Razer ကုမ္ပဏီမှ Nextbit လုပ်ငန်းအားဝယ်ယူ၍ စမတ်ဖုန်းလောကသို့ ဝင်ရောက်ထိုးဖောက်မည်

Razer ကုမ္ပဏီကိုတော့ နည်းပညာလောကနဲ့ မစိမ်းတဲ့သူအတော်များများ သိမှာပါ။ ကွန်ပြူတာ အကောင်းစားတွေ၊ Gamer တွေအကြိုက် high performance ကွန်ပြူတာတွေ ထုတ်လုပ်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ CES 2017 ပြပွဲမှာတောင် ကမ္ဘာ့ပထမဆုံး 4K display ၃ခုပါတဲ့ Gaming Laptop ပြခဲ့ပါသေးတယ်။ အခုတော့ Razer ဟာ ကွန်ပြူတာပစ္စည်းတွေသာမက မိုဘိုင်းလ်လောကထဲပါ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် Startup ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nextbit ကို ဝယ်ယူခဲ့ပြီး စမတ်ဖုန်းလောကကို feature အသစ်အဆန်းတွေ ဝင်ရောက် ထိုးဖောက်တော့မှာ ဖြစ်ပါတယ်။ Nextbit ရဲ့ Android စမတ်ဖုန်းဟာ ကမ္ဘာ့ပထမဆုံး ဘယ်တော့မှ storage space မပြည့်တဲ့ ဖုန်းဖြစ်ပါတယ်။ တစ်ကယ့်ကို စိတ်ဝင်စားစရာပါဘဲ။ စမတ်ဖုန်းအတွင်းမှာ Cloud နည်းပညာ ကို ထည့်သွင်းထားပြီး မိမိစိတ်ကြိုက်သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Razer က Nextbit ကို ဝယ်ယူလိုက်ပြီး ဘယ်လိုထွက်ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံး မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: