Home Lifestyle Food ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝအဆီ

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝအဆီ

0
ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်ဝအဆီ

မပြည့်ဝဆီဟာ ခန္ဓာကိုယ်ထဲက ဟိုက်ဒရိုဂျင်အက်တမ်တွေကို လျော့နည်းစေပါတယ်။ အဆီတွေဟာများသောအားဖြင့် အပင်တွေကနေရရှိတတ်ပြီး ပင်လယ်စာတွေထဲမှာလည်း များစွာပါဝင်တတ်ပါတယ်။ သင့်ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ မပြည့်ဝဆီ ၂မျိူးရှိပါတယ်။

၁။ Monounsaturated Fat

MUFAsလို့ အများအားဖြင့် ခေါ်လေ့ရှိတဲ့ ဒီမပြည့်ဝဆီဟာ အခန်းအပူချိန်ထဲမှာဆို အရည်တွေဖြစ်ကြပြီး ရေခဲသေတ္တာထဲထည့်မှ စတင်ခဲလေ့ရှိကြပါတယ်။ ဒီအဆီတွေကတော့ သံလွင်ဆီ၊ ကနိုလာဆီနဲ့ မြေပဲဆီတို့ ဖြစ်ပြီး ထောပတ်သီးထဲမှာ ထည့်တဲ့ အဆီလည်းဖြစ်ပါတယ်။ မပြည့်ဝဆီအစား ပြည့်ဝဆီကို စားသုံးရင် ကိုလက်စထရောအဆင့်ကို မြင့်တက်စေပါတယ်။ သံလွင်ဆီကတော့ အာဟာရပြည့်ဝတဲ့ အဆီဖြစ်တာကြောင့် ပြည့်ဝဆီအစား သုံးသင့်တဲ့ အကောင်းဆုံးအဆီဖြစ်ပါတယ်။

၂။ Polyunsaturated Fat

မပြည့်ဝဆီ ၂မျိူးရှိသည့်အနက် PUFAsလို့ခေါ်တဲ့ မပြည့်ဝဆီတွေကတော့ အိုမီဂါသရီ ဖက်တီးအက်ဆစ်နဲ့ အိုမီဂါဆစ် ဖက်တီးအက်ဆစ်ဆိုပြီး ပါဝင်ပါတယ်။ အိုမီဂါဆစ်ကို နှမ်စေ့ဆီ၊ ပြောင်းဆီ၊ နေကြာဆီ စတဲ့အပင်ထွက်တွေကနေ ရနိုင်သလို အခွံမာသီးနဲ့ အစေ့အဆန်တွေကနေလည်းရနိုင်ပါတယ်။ အိုမီဂါသရီးဟာ နှလုံးကျန်းမာရေးနဲ့ အညီညွတ်ဆုံး အဆီတစ်မျိုးဖြစ်ပြီး ဆယ်လ်မွန်ငါးလိုမျိုးပင်လယ်စာတွေမှာပဲ အဓိကတွေ့ရတတ်တာကြောင့် သင်စားတဲ့ အစားအသောက်တွေထဲကနေ ရနိုင်ဖို့ မလွယ်လှပါဘူး။ ဒါကြောင့် ဖြည့်စွက်အားဆေးအနေနဲ့ မှီဝဲပေးသင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: