
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမိန့်က နည်းပညာကုမ္ပဏီကြီးများ အပြင် အခြား သော နိုင်ငံတစ်ကာနှင့်ချိတ်ဆက်လုပ်ကိုင်ရသော လုပ်ငန်းကြီးများမှာ အခက်တွေ့နေရသည်။ မွတ်စလင်အများစု နေထိုင်ရာ နိုင်ငံ (၇) ခုမှ နိုင်ငံသားများအား အမေရိကန်ပြည်ဝင်ခွင့် ယာယီတားမြစ်ခဲ့သည်။ ထို့အပြင် အမြဲတမ်းနေထိုင်ခွင့်ရသူများ နှင့် တရားဝင်ပြည်ဝင်ခွင့် ရရှိသူများကိုပါ ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ကာနှင့် ချိတ်ဆက်လုပ်ကိုင်နေသော ကုမ္ပဏီကြီးများမှာ ဝန်ထမ်းကိစ္စများ အခက်အခဲတွေ့နေပြီ ထိုသို့ တားမြစ်မှုသည် အမေရိကန်၏ လူ့အခွင့်အရေးမူဝါဒ နှင့် မညီညွတ်ကြောင်း ပြောဆိုနေကြသည်။
Netflix.Inc ကုမ္ပဏီကမူ အမေရိကန်၏ လွတ်လပ်မှုနှင့် အခွင့်အလမ်းများအပေါ် တန်ဖိုးထားမှုများကို အတူတစ်ကွ ကာကွယ်ရန် အချိန်ကျနေပြီ ဟု ပြောဆိုခဲ့သည်။ Apple ကုမ္ပဏီ အပါအဝင် နည်းပညာကုမ္ပဏီအတော်များများ အခက်အခဲ ပေါင်းများစွာ ရင်ဆိုင်နေရပြီး လက်ရှိတွင် အိမ်ဖြူတော်အား အဆိုပါကိစ္စအား တင်ပြထားပါတယ် လို့ သိရပါတယ်။ ထရမ့် အနေနဲ့ ဒါကို အလေးမထားဘဲ ဆက်လုပ်ခဲ့မယ်ဆိုရင်တော့ နည်းပညာကုမ္ပဏီတိုင်းနီးပါး အနှုတ်ဘက်ကို ရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေပါတယ်။