Home Uncategorized သဘာဝအတိုင်း ပိန်သွယ်လျသည့် အမျိုးသမီးများ၏ လျို့ဝှက်ချက်

သဘာဝအတိုင်း ပိန်သွယ်လျသည့် အမျိုးသမီးများ၏ လျို့ဝှက်ချက်

0
သဘာဝအတိုင်း ပိန်သွယ်လျသည့် အမျိုးသမီးများ၏ လျို့ဝှက်ချက်

ဘဘာဝအတိုင်း ခန္ဓာကိုယ်ပိန်သွယ်လျသူတွေဟာ သူတို့ကြိုက်တာကို ကြိုက်တဲ့အချိန်မှာ စားပေမဲ့ ကိုယ်အလေးချိန်မတက်လာတာဟာ သူတို့ စားတဲ့အစားအစာကို ထိန်းသိမ်းပြီး စားတတ်ကြလို့ပါတဲ့။

ပန်းကန်ထဲမှာ ကျန်နေတဲ့အစာအတွက် မနှမြောတတ်ပါဘူး

သဘာဝအလျောက်ပိန်နေကြတဲ့ အမျိုးသမီးတွေဟာ သူတို့ ဗိုက်ပြည့်ရင် အစာထပ်မစားကြတော့ပါဘူး။ ဗိုက်အရမ်းပြည့်ရင် နေရတာသက်သောင့်သက်သာမရှိလို့ပါတဲ့။ သူတို့ဗိုက်ပြည့်သွားရင် စားလက်စပန်းကန်ထဲမှာ အစာတွေကျန်နေရင်တောင် အစားစားတာရပ်လိုက်ကြပါတယ်။

ခန္ဓာကိုယ်ရဲ့ ပြောစကားကို နားထောင်ကြပါတယ်

ပိန်တဲ့သူတွေဟာ သူတို့စားတဲ့အစာကို ကယ်လိုရီတွက်ချက်ပြီး မစားတတ်ကြပါဘူး။ ဒါပေမဲ့ တစ်နေ့လုံးစားတဲ့အစာကို ဟန်ချက်ညီအောင် စိတ်ကနေတစ်ဆင့် ထိန်းချုပ်သွားပါတယ်။ သူတို့ဟာ နေ့လည်စာကို အများကြီးစားမိသွားရင် ညစာကို အလိုလိုလျော့စားတတ်ကြပါတယ်။

လှုပ်လှုပ်ရှားရှားနေတတ်ကြပါတယ်

Iowa တက္ကသိုလ်မှ လေ့လာမှုတွေအရ သဘာဝအလျောက်ပိန်သူတွေဟာ တစ်နေ့ကို လှုပ်ရှားချိန် ၂.၅နာရီထက်ပိုများပြီး လမ်းလျောက်တာကြောင့် နေ့စဉ်စွမ်းအင်လောင်ကျွမ်းမှု ၁၃၂၃ ကီလိုဂျိုးပိုများတယ်လို့ သိရပါတယ်။

တစ်ပတ်ကို တစ်ကြိမ် ဂျင်းဘောင်ဘီအကျပ်ကို ဝတ်တတ်ကြပါတယ်

ပိန်သူတွေဟာ တစ်ခါတစ်ရံ ကိုယ်အလေးချိန် တက်တတ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ကိုယ်ကျပ်ဘောင်းဘီဝတ်တာနဲ့ စစ်ဆေးတတ်ပြီး အလေးချိန်ကို မြန်မြန်ပြန်လျော့တတ်ပါတယ်။ ကိုယ်အလေးချိန် ၂ပေါင်လျော့ချရတာဟာ ငါးပေါင်လျော့ချရတာထက် ပိုလွယ်တယ်မဟုတ်လား?

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: