Home Lifestyle Health ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

0
ဘာကြောင့် မိန်းကလေးတွေမှာ ရင်သားနှစ်ဖက်အရွယ်မညီ ဖြစ်ရသလဲ

တစ်ချို့က ပျိုဖော်ဝင်စ မိန်းကလေးတွေဟာ ရင်သားတစ်စုံအနက် တစ်ဖက်ကတစ်ဖက်ထက် အရွယ်အစားပိုကြီးနေတာကြောင့် စိုးရိမ်စိတ်ဝင်နေတတ်ကြပါတယ်။ နှစ်ဖက်ပါရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေဟာ လုံးဝကြီး ထပ်တူညီလေ့မရှိကြပါဘူး။ အသေအချာတိုင်းကြည့်ပါက အနည်းငယ်ကွာဟနေတာကို တွေ့ရမှာပါ။ ဒါဟာ လူတိုင်းမှာ ဖြစ်တာကြောင့် မစိုးရိမ်ပါနဲ့။

အထူးသဖြင့် ပျိုဖော်ဝင်စအရွယ် ကြီးထွားမှုမြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ဖက်က အခြားတစ်ဖက်ထက် ကြီးထွားမှုပိုမြန်ဆန်တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အရွယ်မညီဖြစ်နေတတ်ပါတယ်။  မိန်းကလေးတွေပျိုဖော်ဝင်ကာစအရွယ် ကနဦး လက္ခဏာရပ်က ရင်သားဖွံ့ဖြိုးလာတာပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကနေ မိန်းမဟော်မုန်းများများထွက်ရှိလာတာနဲ့အမျှ ရင်သားတွေကလည်း ကြီးထွားမှု အဆင့်ငါးအရ ဖွံ့ဖြိုးကြီးထွားလာကြပါတယ်။ အဲဒီလို ဖွံ့ဖြိုးလာတဲ့အခါမှာ တစ်ဖက်က အခြားတစ်ဖက်ထက်စောပြီး (တစ်ခါတစ်လေ ခြောက်လလောက်တောင် အချိန်ကွာဟပါတယ်) ဖွံ့ဖြိုးလာခြင်းက ရှားတဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။

နှစ်ဖက်အရွယ်မညီခြင်းက ရင်သားဖွံ့ဖြိုးလာတာနဲ့အမျှ အရွယ်မညီခြင်း လျော့သွားမှာပါ။ ရင်သားဟာ အသက် ၁၇-၁၈လောက်မှာ ဖွံ့ဖြိုးမှု ဂိတ်ဆုံးကို ရောက်ရှိသွားတတ်ပြီး အရွယ်အစားကတော့ မျိုးရိုးအလိုက် တစ်ယောက်နဲ့ တစ်ယောက်ကွာဟနေတတ်ပါတယ်။

အပျိုဖြန်းလေးတွေအနေနဲ့ ဘယ်သူကမှ သတိမထားမိတဲ့၊ ကိုယ်နဲ့ ရွယ်တူတိုင်းလိုလိုမှာ ဖြစ်တဲ့ ခုလိုရင်သား အရွယ်မညီမျှမှုအပေါ် အာရုံစိုက်ကာ ရှက်စိတ်၊ စိုးရိမ်စိတ်ဖြစ်မနေပဲ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါလို့ ပြောပါရစေလားရှင်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: