Home News အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ Twitter အကောင့် လုံခြုံရေး အားနည်းချက်ကို ဟက်ကာတစ်ဦးမှ ထုတ်ဖော်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ Twitter အကောင့် လုံခြုံရေး အားနည်းချက်ကို ဟက်ကာတစ်ဦးမှ ထုတ်ဖော်

0
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ Twitter အကောင့် လုံခြုံရေး အားနည်းချက်ကို ဟက်ကာတစ်ဦးမှ ထုတ်ဖော်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ဟာ သာမန် Gmail ဖြင့်သာ ချိတ်ဆက်ထားတာတွေ့ ရတယ်လို့ ဟက်ကာတစ်ယောက်က ထောက်ပြခဲ့ပါတယ်။ သမ္မတအနေဖြင့် Gmail မဟုတ်ဘဲ သမ္မတရုံး အီးမေးလ်နဲ့ ချိတ်ဆက် အသုံးပြုသင့်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ဟာ လုံခြုံရေးအားနည်းတဲ့ Samsung Galaxy ဖုန်းကို အသုံးပြုလျက်ရှိ နေပြီး ဖုန်းကိုလဲဖို့ ဒါမှမဟုတ် အသုံးမပြုဖို့ လုံခြုံရေးအရ ဖိအားပေးခံနေရပါသေးတယ်။ ဒါပေမယ့် ထရမ့် ကတော့ ခေါင်းမာလျက်ပါဘဲ။

WauchulaGhost လို့အမည်ရတဲ့ ဟက်ကာတစ်ယောက်က ထောက်ပြခဲ့တာဖြစ်ပြီး ထရမ့်ရဲ့ Twitter အကောင့်ကို တော့ မတိုက်ခိုက်ခဲ့ပါဘူး။ လုံခြုံရေးအဆင့်မြှင့်တင်သင့်ကြောင်း သတိပေးတဲ့အနေနဲ့သာ Public ထုတ်ပြတာ လို့ဆိုပါတယ်။ အဆိုပါ WauchulaGhost အမည်ရတဲ့သူက ISIS နဲ့ပတ်သတ်တဲ့ Twitter အကောင့်ပေါင်း ၅၀၀ ကျော်ကို ဟက်ခဲ့တဲ့ ဟက်ကာတစ်ယောက်လဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: