
Website တွေကြည့်လိုက်လို့ Malware တွေ Virus တွေ ထိတယ် ဆိုတာ Porn ဝက်ဘ်ဆိုဒ်တွေမှာ မရှိသလောက်ပါဘဲ။ အချို့တွေက Porn ဝက်ဘ်ဆိုဒ်တွေကို ဝင်ကြည့်ရင် malware တွေထိမယ်ဆိုပြီး ထင်နေကြပါတယ်။ ဒါပေမယ့် တစ်ကယ်တမ်း စစ်တမ်းများအရ Porn ဝက်ဘ်ဆိုဒ်တွေဟာ အခြား သာမန် ဝက်ဘ်ဆိုဒ် တွေထက် လုံခြုံရေးစနစ်ပိုအားကောင်းတယ် ဆိုတာပါဘဲ။ ဘာကြောင့်လဲဆိုတော့ Porn site တွေဟာ သာမန် website တွေထက် ကြည့်ရှုသူအရမ်းများပြားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ကြည့်ရှုသူတွေ malware တွေ မထိအောင် ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ ကြည့်ရှုသူများပြားလေလေ အကျိုးအမြတ်က ကြီးလေလေ ဖြစ်တဲ့ အတွက် ကိုယ်ကျိုးစီးပွားမထိခိုက်အောင် ကြည့်ရှုသူတွေကို ကာကွယ်ရတာ ဖြစ်ပါတယ်။
ဒါကြောင့် Porn website တွေမှာ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ သာမန် သတင်း website တွေထက် အဆင့်ပိုမြင့်ပါ တယ်။ ဒါ့အပြင် Porn website တွေဟာ Anti-Malware ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားပါသေးတယ်။ တော်ရုံ ကျွမ်းကျင်မှုနဲ့လည်း Porn Site တွေကို တိုက်ခိုက်လို့မရနိုင်ပါဘူး။ ဆိုလိုတာက Porn ဆိုဒ်တွေဟာ သင်ထင်ထားတာထက် လုံခြုံရေးစနစ်ပိုမြင့်တယ် ဆိုတာပါဘဲ။