Home Lifestyle Health ကျန်းမာရေးအတွက် ထိုက်ကျိလေ့ကျင့်ခန်း

ကျန်းမာရေးအတွက် ထိုက်ကျိလေ့ကျင့်ခန်း

0
ကျန်းမာရေးအတွက် ထိုက်ကျိလေ့ကျင့်ခန်း

ထိုက်ကျိချွမ်ပညာကိုတော့ လူတိုင်းနီးပါး ကြားဖူး မြင်ဖူးတွေ့ဖူးကြမှာပါ။ အပြင်မှာ မဟုတ်ရင်တောင် ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးမှာပါ။ တရုတ်ရိုးရာ ကိုယ်ခံပညာရပ် တစ်ခုဖြစ်ပြီး အပျော့နဲ့အမာကို တွဲပြီးကစားရတဲ့ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထိုက်ကျိပညာရပ်ဟာ ခုခံကာကွယ်ဖို့ တစ်ခုတည်းတင်မဟုတ်ဘဲ ကျန်းမာရေး အတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ အဓိကတော့ ထိုက်ကျိကျင့်စဉ်များမှာ အဓိက ပါဝင်တဲ့ လေရှူထုတ် ရှုူသွင်းနည်းစနစ်တွေ၊ ပျော့ပြောင်းမှု စနစ်တွေကြောင့် နှလုံးရောဂါနဲ့ အာရုံကြောပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ဘော်စတွန်မြို့ အခြေစိုက် ဘာ့သ်အစ္စရေးဒေကွန်နက်စ်ဆေးရုံနှင့်  ဟားဘတ်ဆေးကျောင်းတို့မှ နာတာရှည်နှလုံးရောဂါရှင် ၁ဝဝကို လေ့လာစမ်းသပ်ခဲ့ပြီး လူနာ အယောက် ၅၀ ကို သီတင်းပတ် ၁၂ပတ်အကြာ ထိုက်ကျိလေ့ကျင့်ခန်းများ ပြုလုပ်စေခဲ့ ပါတယ်။ စမ်းသပ်ချက်များအရ ထိုက်ကျိလေ့ကျင့်ခန်းပြုလုပ်သူများသည် အခြား လူနာများနှင့် နှိုင်းယှဉ်ပါက နေ့စဉ်လုပ်ဆောင် ချက်များ၊ စိတ်ခံစားမှုများနဲ့ ယုံကြည်ချက်များ တိုးတက်လာတာကို တွေ့ရ ပါတယ်။ ဒါကြောင့် နှလုံးနဲ့ အာရုံကြောဆိုင်ရာ ဝေဒနာတွေကို မဖြစ်ချင်ရင်တော့ ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ ထိုက်ကျိ သိုင်းပညာကို လေ့လာသင်ယူတာ မမှားပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: