
အိမ်ဖြူတော်ကို နေ့စဉ်ဆက်သွယ်နေကြတဲ့ ဖုန်းခေါ်ဆိုမှုပေါင်းအရေအတွက်က အလွန်များပြားတဲ့အတွက် တော်ရုံနဲ့ ဆက်သွယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ဖြူတော်ကို ဆက်သွယ်မယ်ဆိုရင် အကြိမ်ပေါင်းများစွာ ဆက်သွယ်မှ တစ်ခါ ဝင်နိုင်ဖို့ မလွယ်သလောက်ပါဘဲ။ အဆိုပါ ဆက်သွယ်မှုတွေကို ပြန်လည်ဖြေကြားဆွေးနွေးပေးနေတာကတော့ အိမ်ဖြူတော်ရဲ့ တာဝန်ရှိသူများဖြစ်ပြီး သမ္မတထံသို့ တိုက်ရိုက်ခေါ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ အမေရိကန်ပြည်သူအတော်များ များကတော့ သမ္မတရုံးထံနေ့စဉ် ဖုန်းခေါ်ဆိုမှုများရှိသလို တစ်ခါတစ်လေ အိမ်ဖြူတော်ရဲ့ Facebook Page မှာ comment ပေးပြီး ရေးသွားကြပါတယ်။ ဒါပေမယ့် အဆိုပါ comment ရေးတာကလည်း ထိရောက်မှု မရှိပါဘူး။ အိမ်ဖြူတော်ရဲ့ Facebook Page ကလည်း message ပို့ခြင်း၊ လက်ခံခြင်းကို ပိတ်ထားပါတယ်။ ဒါကြောင့် လက်ရှိတက်လာတဲ့ အမေရိကန်သမ္မတ အသစ် ဒေါ်နယ်ထရမ့်ကတော့ ပြည်သူတွေအနေနဲ့ ခေါ်ဆိုရ လွယ်အောင် WhiteHouse Inc ဆိုတဲ့ ပရောဂျက်တစ်ခုကို လုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဒေါ်နယ်ထရမ့်ပိုင်ဆိုင်တဲ့ ဟိုတယ်တွေကို တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် ဟာ အမေရိကန်နိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်း မှာ ဟိုတယ်ပေါင်းများစွာ၊ အပန်းဖြေလုပ်ငန်းတွေနဲ့ ဂေါက်ကွင်းများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ကြိုက်တဲ့နေရာကနေ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထရမ့်အနေနဲ့ အိမ်ဖြူတော် hot line နံပတ်ကို ပိတ်ထားခဲ့ပြီး သူ့ရဲ့ ဟိုတယ်တွေ၊ အပန်းဖြေလုပ်ငန်းတွေနဲ့ ဂေါက်ကွင်းတွေကနေဘဲ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ အစိုးရအဖွဲ့အစည်းအတွင်းမှာ ဝေဖန်ခြင်းကိုခံနေရပြီး ထရမ့်ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။ WhiteHouse Inc website မှာ မိမိရဲ့ ဖုန်းနံပတ်နဲ့ အီးမေးလ်လိပ်စာကို ပေးထားခဲ့ရမှာ ဖြစ်ပြီး ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပြန်လည်ဖြေကြားမှာကတော့ ထရမ့်ရဲ့ အိမ်ဖြူတော်မှ မဟုတ်ဘဲ ဟိုတယ်များကသာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ ဒီအစီအစဉ်ကိုတော့ ပြည်သူများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်စေဖို့ လုပ်တာ ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။