Home News အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ISIS များအား အစွမ်းကုန်ချေမှုန်းရန် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ISIS များအား အစွမ်းကုန်ချေမှုန်းရန် ပြောကြား

0
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ISIS များအား အစွမ်းကုန်ချေမှုန်းရန် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ISIS အကြမ်းဖက်အဖွဲ့များအား ယခင်ကထက်ပိုမိုပြင်းထန်စွာ ချေမှုန်းရန် ပင်တဂွန်စစ်ဌာနချုပ်အား ပြောကြားခဲ့သည်။ ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများအား ထရမ့်အနေဖြင့် အချိန်တိုအတွင်း တစ်ခါထဲ အမြစ်ပျက်ချေမှုန်းရန် ဆန္ဒစောလျက်ရှိသည်။ ယင်းအစီအစဉ်အား ရက် ၃၀ အတွင်း စီမံချက်ချမည်ဖြစ်ပြီး အမေရိကန်အထူးတပ်ဖွဲ့များကို အသုံးပြု၍ ချေမှုန်းမည်ဟု သိရပါတယ်။ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတို့အား ယခင်သမ္မတများ လက်ထက်ထဲက အမေရိကန်လေတပ်များဖြင့် ထောက်ပံ့ကူညီထားပြီး အကြမ်းဖက်မှုများကို နှိမ်နင်းတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ အကြမ်းဖက် မှုများဟာ ဖြစ်ပေါ်ဆဲ ဖြစ်ပြီး ထိန်းသိမ်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ အမေရိကန် စစ်ဗိုလ်ချုပ် ဂျိုးဇက်မာတင် ကတော့  ” လက်ရှိမှာတော့ အတိအကျအမိန့်ပေးစေခိုင်းခြင်း မရှိသေးပါဘူး။ အကယ်၍များ အမိန့်ပေးကြားခြင်းကို ရရှိခဲ့ရင်တော့ အချိန်နဲ့တစ်ပြေးညီ တာဝန်ကို ထမ်းဆောင်မည် ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: