Home Lifestyle စုံတွဲများတွင် ဆဌမအာရုံတစ်ခုဖြင့် စိတ်ချင်းဆက်သွယ်နေကြောင်း တွေ့ရှိ

စုံတွဲများတွင် ဆဌမအာရုံတစ်ခုဖြင့် စိတ်ချင်းဆက်သွယ်နေကြောင်း တွေ့ရှိ

0
စုံတွဲများတွင် ဆဌမအာရုံတစ်ခုဖြင့် စိတ်ချင်းဆက်သွယ်နေကြောင်း တွေ့ရှိ

ဒေါက်တာစထရက်ဖို့ဒ်ဆိုသူ အမျိုးသမီး၏ သုတေသနပြုလုပ်ချက်အရ စုံတွဲတစ်တွဲ၌ ဆဌမအာရုံဖြင့် စိတ်ချင်း မည်သို့မည်ပုံ ဆက်သွယ်နေသည်ဆိုသည်နှင့် ပတ်သက်၍ သဲလွန်စများကို ရရှိထားကြောင်း ပြောကြားခဲ့သည်။ သိပ္ပံပညာရှင်များက အချို့စုံတွဲများသည် အလွန်ရင်းနှီးကျွမ်းဝင်ကြပြီး သူတို့၏ ဦးနှောက်များက အချင်းချင်းဆက်သွယ်ကာ ပူးပေါင်းလုပ်ဆောင်နေကြကြောင်း တွေ့ရှိခဲ့ရသည်။

သုတေသနပြုချက်အရ ဆဌမအာရုံရှိကြောင်း ထောက်ပြနိုင်သည့် အချက်အလက်တစ်ချို့ကို တွေ့ရှိခဲ့ရသည်။ သုတေသနအရ အလွန်ရင်းနှီးပြီး စိတ်ချင်းဆက်သွယ်နေသည်ဟု ယူဆရသော စေတနာဝန်ထမ်းအဖြစ် စမ်းသပ်ခံသည့် စုံတွဲအချို့တွင် ဦးနှောက်ဓာတ်မှန်များအရ ဦးနှောက်လုပ်ဆောင်ချက်၌ တူညီသော လုပ်ဆောင်ချက်များရှိနေကြောင်းကို တွေ့ရှိခဲ့ရသည်။ ယင်းကဲ့သို့ တူညီသောပုံစံ ရှိနေခြင်းမှာ ၄င်းတို့၏ အာရုံကြောစနစ်များသည် ညီညွတ်သည့်အနေအထားသို့ ရောက်ရှိသွားပြီး တစ်ဦးက အခြားတစ်ဦး၏ အတွေးများနှင့် စိတ်ခံစားချက်များကို သိရှိနိုင်ရန် အကူအညီပေးသည်ဟု ဆိုသည်။

အဆိုပါ ထူးခြားသော တွေ့ရှိချက်များသည် ဆေးကုသမှုပြုလုပ်ရာ၌ လူနာများ၏ ဦးနှောက်လုပ်ဆောင်ချက်ပုံစံများကို လေ့လာခဲ့ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သုတေသနပညာရှင်များက ယင်းကဲ့သို့ စိတ်ချင်းဆက်သွယ်မှုကို စုံတွဲများ၊ အလွန်ရင်းနှီးသည့် သူငယ်ချင်းများနှင့် မိသားစုဝင်များ၌ တွေ့ရှိရနိိုုင်သည်ဟု ယုံကြည်ကြသည်။ စိတ်ပညာရှင်များက သူတို့၏အဖော်သည် မည်သည့်အရာကိုတွေးနေသည် သို့မဟုတ်  ဘာကိုပြောမည်ကို သိရှိမှုများရှိနေကြောင်း ယခင်တည်းက သိရှိခဲ့ပြီးဖြစ်သည်။

ယခုလေ့လာတွေ့ရှိချက်အသစ်၌ အာရုံကြောစနစ်၏ လုပ်ဆောင်ချက်များတွင် ယင်းအချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီနည်းပညာတက္ကသိုလ်မှ ဒေါက်တာထရီရှာစထရက်ဖို့ဒ်သည် လူနာများကို ညှိနှိုင်းမှု ပြုလုပ်စဉ်အတွင်း လူပေါင်း ၃ဝ၏ ဦးနှောက်လုပ်ဆောင်ချက်များနှင့် နှလုံးခုန်မှုများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သူသည် အရေးကြီးသောအချိန်၌ အချို့စုံတွဲများ၌ ဦးနှောက်သည် စိတ်ချင်း ဆက်သွယ်လျက် ပူးပေါင်းဆောင်ရွက်ကြောင်း သိရှိရသည်ဟုဆိုသည်။

Zawgyi font : စုံတြဲမ်ားတြင္ ဆဌမအာ႐ုံတစ္ခုျဖင့္ စိတ္ခ်င္းဆက္သြယ္ေနေၾကာင္း ေတြ႕ရွိ

ေဒါက္တာစထရက္ဖို႔ဒ္ဆိုသူ အမ်ိဳးသမီး၏ သုေတသနျပဳလုပ္ခ်က္အရ စုံတြဲတစ္တြဲ၌ ဆဌမအာ႐ုံျဖင့္ စိတ္ခ်င္း မည္သို႔မည္ပုံ ဆက္သြယ္ေနသည္ဆိုသည္ႏွင့္ ပတ္သက္၍ သဲလြန္စမ်ားကို ရရွိထားေၾကာင္း ေျပာၾကားခဲ့သည္။ သိပၸံပညာရွင္မ်ားက အခ်ိဳ႕စုံတြဲမ်ားသည္ အလြန္ရင္းႏွီးကြၽမ္းဝင္ၾကၿပီး သူတို႔၏ ဦးေႏွာက္မ်ားက အခ်င္းခ်င္းဆက္သြယ္ကာ ပူးေပါင္းလုပ္ေဆာင္ေနၾကေၾကာင္း ေတြ႕ရွိခဲ့ရသည္။

သုေတသနျပဳခ်က္အရ ဆဌမအာ႐ုံရွိေၾကာင္း ေထာက္ျပႏိုင္သည့္ အခ်က္အလက္တစ္ခ်ိဳ႕ကို ေတြ႕ရွိခဲ့ရသည္။ သုေတသနအရ အလြန္ရင္းႏွီးၿပီး စိတ္ခ်င္းဆက္သြယ္ေနသည္ဟု ယူဆရေသာ ေစတနာဝန္ထမ္းအျဖစ္ စမ္းသပ္ခံသည့္ စုံတြဲအခ်ိဳ႕တြင္ ဦးေႏွာက္ဓာတ္မွန္မ်ားအရ ဦးေႏွာက္လုပ္ေဆာင္ခ်က္၌ တူညီေသာ လုပ္ေဆာင္ခ်က္မ်ားရွိေနေၾကာင္းကို ေတြ႕ရွိခဲ့ရသည္။ ယင္းကဲ့သို႔ တူညီေသာပုံစံ ရွိေနျခင္းမွာ ၄င္းတို႔၏ အာ႐ုံေၾကာစနစ္မ်ားသည္ ညီၫြတ္သည့္အေနအထားသို႔ ေရာက္ရွိသြားၿပီး တစ္ဦးက အျခားတစ္ဦး၏ အေတြးမ်ားႏွင့္ စိတ္ခံစားခ်က္မ်ားကို သိရွိႏိုင္ရန္ အကူအညီေပးသည္ဟု ဆိုသည္။

အဆိုပါ ထူးျခားေသာ ေတြ႕ရွိခ်က္မ်ားသည္ ေဆးကုသမႈျပဳလုပ္ရာ၌ လူနာမ်ား၏ ဦးေႏွာက္လုပ္ေဆာင္ခ်က္ပုံစံမ်ားကို ေလ့လာခဲ့ရာမွ ထြက္ေပၚလာျခင္းျဖစ္သည္။ သုေတသနပညာရွင္မ်ားက ယင္းကဲ့သို႔ စိတ္ခ်င္းဆက္သြယ္မႈကို စုံတြဲမ်ား၊ အလြန္ရင္းႏွီးသည့္ သူငယ္ခ်င္းမ်ားႏွင့္ မိသားစုဝင္မ်ား၌ ေတြ႕ရွိရနိိုုင္သည္ဟု ယုံၾကည္ၾကသည္။ စိတ္ပညာရွင္မ်ားက သူတို႔၏အေဖာ္သည္ မည္သည့္အရာကိုေတြးေနသည္ သို႔မဟုတ္  ဘာကိုေျပာမည္ကို သိရွိမႈမ်ားရွိေနေၾကာင္း ယခင္တည္းက သိရွိခဲ့ၿပီးျဖစ္သည္။

ယခုေလ့လာေတြ႕ရွိခ်က္အသစ္၌ အာ႐ုံေၾကာစနစ္၏ လုပ္ေဆာင္ခ်က္မ်ားတြင္ ယင္းအခ်က္ကို ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီနည္းပညာတကၠသိုလ္မွ ေဒါက္တာထရီရွာစထရက္ဖို႔ဒ္သည္ လူနာမ်ားကို ညႇိႏႈိင္းမႈ ျပဳလုပ္စဥ္အတြင္း လူေပါင္း ၃ဝ၏ ဦးေႏွာက္လုပ္ေဆာင္ခ်က္မ်ားႏွင့္ ႏွလုံးခုန္မႈမ်ားကို ေလ့လာခဲ့ျခင္း ျဖစ္သည္။ သူသည္ အေရးႀကီးေသာအခ်ိန္၌ အခ်ိဳ႕စုံတြဲမ်ား၌ ဦးေႏွာက္သည္ စိတ္ခ်င္း ဆက္သြယ္လ်က္ ပူးေပါင္းေဆာင္႐ြက္ေၾကာင္း သိရွိရသည္ဟုဆိုသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: