
ကျန်းမာလှပတာကတော့ လူတိုင်းလိုချင်တဲ့ တန်ဖိုးကြီးတဲ့အရာတစ်ခုပါဘဲ။ ဒါပေမယ့် အဲ့ဒီလိုတန်ဖိုးကြီးတဲ့အရာကို အားလုံးက လိုချင်ကြပေမယ့် လက်တွေ့မှာ မလုပ်နိုင်ကြတာကို တွေ့ရမှာပါ။ အသားအရည်စိုပြေပြီးလှပနေဖို့ မိမိရဲ့ နေထိုင်ပုံနဲ့ အစားအသောက်အပေါ်မူတည်ပါတယ်။ ဒီပိုစ့်မှာတော့ အသားအရည်စိုပြေလှပဖို့အတွက် စားသုံးသင့်တဲ့ အစားအစာ ၅ မျိုးလောက်ကိုဖော်ပြထားပါတယ်။
ဘယ်ရီသီး
ဘလူးဘယ်ရီနဲ့ ရက်စ်ဘယ်ရီလို အသီးမျိုးတွေဟာ နေရောင်ကြောင့် ပျက်စီးနေတဲ့ အသားအရေတွေအတွက် သင့်တော်ပါတယ်။
ငါး
ဆော်လမွန်၊ ဆာဒင်းနဲ့ တူနာလို ငါးတွေဟာ အရေပြားဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အနီရောင်နဲ့ ပန်းရောင်ဖြစ်နေတဲ့ လတ်ဆတ်တဲ့ ငါးတွေကို ရွေးချယ်စားသုံးပါ။
ဟင်းခတ်အမွှေးအကြိုင်
မီးဖိုချောင်မှာ သစ်ကြံပိုးခေါက်၊ ကြက်သွန်ဖြူ၊ မန်ကျည်းသီး၊ ဇီရာစေ့၊ နနွင်းမှုန့်တွေ ထားရှိပြီး ချက်မဲ့ ဟင်းထဲမှာ ပါဝင်ပါစေ။
ပျားရည်
ကောင်းမွန်တဲ့ ပျားရည်ကို တစ်နေ့ လက်ဖက်ရည် တစ်ဇွန်းစာ စားပေးပါ။
ဗီတာမင်အားဆေး စားပါ
သင်ဟာ သစ်သီးနဲ့ ဟင်းရွက်တွေကို လုံလုံလောက်လောက်မစားဖြစ်ဘူး၊ မကြိုက်ဘူးဆိုရင်တော့ ဗီတာမင်တွေပါဝင်တဲ့ အားဖြည့်ဆေးတွေ ဝယ်သောက်နိုင်ပါတယ်။ အခုခေတ်မှာ အရည်ပြားအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးတွေလည်း ရရှိနိုင်ပါတယ်။