
မိုဘိုင်းလ်ဖုန်းတွေမှာ နည်းပညာတွေ တစ်ဖြည်းဖြည်းမြင့်မားလာတဲ့အမျှ ယခုဆိုရင် အသံနဲ့တောင် ခိုင်းစေအသုံးပြုလို့ရနေ ပြီ ဖြစ်ပါတယ်။ AI assistant နည်းပညာပါဝင်လာတဲ့ ဖုန်းတွေမှာ အသံနဲ့ ဖုန်းတစ်လုံးကို လိုသလို ခိုင်းစေအသုံးပြုလို့ရပြီ ဖြစ်တာကြောင့် တစ်ချိန်ထဲမှာ စိုးရိမ်စရာရှိတာက ကြားလူက အသံနဲ့ တစ်ပါးသူနဲ့ ဖုန်း တစ်လုံးကို ချိုးဖောက်ဝင်ရောက်နိုင်လားဆိုတာပါဘဲ။ အဖြေကတော့ ရနိုင်ပါတယ်တဲ့။ UC Berkley နဲ့ Georgetown တက္ကသိုလ်က နည်းပညာလုံခြုံရေးသုတေသီတို့က အသံစနစ်နဲ့ကြားဖြတ် hack နိုင်မယ့် အသံလှိုင်းတစ်ခုနဲ့ သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ အသံလှိုင်းဟာ Noise များစွာပါဝင်ပြီး ဖုန်းတွေဘဲ နားလည်နိုင်ပါတယ်။ လူရဲ့ အကြားအာရုံနဲ့ အဆိုပါအသံကို စကားလုံးအနေနဲ့ မကြားနိုင်ပါဘူး။ အောက်ပါ ဗီဒီယိုကတော့ အသံနဲ့ ကြားဖြတ် ဘယ်လို ခိုင်းမလဲဆိုတာကို သရုပ်ပြထားတာ ဖြစ်ပါတယ်။