Home News အသားမဲသောသူများတွင် Xiaomi ၏ Mi Band လက်ပတ်အလုပ်လုပ်မှု မမှန်ကန်

အသားမဲသောသူများတွင် Xiaomi ၏ Mi Band လက်ပတ်အလုပ်လုပ်မှု မမှန်ကန်

0
အသားမဲသောသူများတွင် Xiaomi ၏ Mi Band လက်ပတ်အလုပ်လုပ်မှု မမှန်ကန်

ရုတ်တရက် ဖတ်ကြည့်လိုက်ရင် ဒါ ဟာသတစ်ပုဒ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဟာသမဟုတ်ပါဘူး။ အမှန်တစ်ကယ်ဖြစ်ပါတယ်။ Xiaomi ရဲ့ Fitness tracker ဖြစ်တဲ့ Mi Band လက်ပတ်ဟာ ဆိုရင် နှလုံးခုန်နှုန်း၊ ခြေလှမ်းအရေအတွက်၊ အိပ်ပျော်ချိန် စတဲ့ အချက်အလက်တွေကို စစ်ဆေးပေးတာ ဖြစ်ပြီး မိုဘိုင်းလ် ဖုန်းကနေ တစ်ဆင့် အချက်အလက်တွေကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒေါ်လာ ၂၀ ဝန်းကျင်ကျော်သာတန်ဖိုးရှိပြီး ပြဿနာက အသားမဲတဲ့သူတွေမှာ Mi Band ရဲ့အလုပ်လုပ်မှု မမှန်ကန်တာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ လုံးဝကို အလုပ်မလုပ်ပါဘူး။ ဒီကိစ္စကို Xiaomi ရဲ့တရားဝင် ဖိုရမ်ဖြစ်တဲ့ MIUI ဖိုရမ်ထဲမှာ Thread အနေနဲ့တင်ထားတာပါတယ်။ လက်ရှိမှာ စစ်ဆေးဆဲဖြစ်ပြီး မကြာခင် update များ ထုတ်ပေးသွားဖွယ်ရှိပါတယ်။

ဒါ့အပြင် အသားမဲသူသာမက လက်မှာ အမွှေးအရမ်းများရင်လည်း Mi Band ရဲ့ Sensor တွေကလည်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် အမွှေးထွက်နည်းတဲ့ဘက်ခြမ်းကို လှည့်လိုက်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အသားမဲတဲ့သူတွေ အတွက်ဆိုရင်တော့ Mi Band  လက်ပတ်နဲ့ လက်ကြားမှာ စက္ကူဖြူတစ်ရွက်ခံပြီး သုံးမယ်ဆိုရင်တော့ Sensor က အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အသားမဲသူများ Mi Band သုံးမယ်ဆိုရင်တော့ လက်ပတ်နဲ့ လက်ကြားမှာ စက္ကူဖြုတစ်ရွက်ခံလိုက်ရင် အဆင်ပြေမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: