Home Knowledge ဆယ်ကျော်သက် မိန်းကလေးတို့ သိထားရမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုစနစ်

ဆယ်ကျော်သက် မိန်းကလေးတို့ သိထားရမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုစနစ်

0
ဆယ်ကျော်သက် မိန်းကလေးတို့ သိထားရမယ့် ခန္ဓာကိုယ်ပြောင်းလဲမှုစနစ်

ကလေးဘဝကနေ အပျိုမလေးအဖြစ်အပြောင်းအလဲဟာ အပျိုဖော်ဝင်ချိန်မှ စတင်ပြီး ပထမဆုံးရာသီလာချိန်မှာ အဆုံးသတ်ပါတယ်။ အဲဒီလိုပြောင်းလဲသွားတာနဲ့ မိန်းကလေးအများစုမှာ မေးစရာ မေးခွန်းတွေရှိလာပါတယ်။ အဲဒီမေးခွန်းတွေကတော့ ဓမ္မတာစက်ဝန်းနဲ့ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ သန္ဓေတားခြင်း၊ ရင်သားများအကြောင်း၊ မိန်းမကိုယ်မှဆင်းသော အရည်များအကြောင်းနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်းဆိုပြီး ရှိနေပါတယ်။ ဒီတစ်ပတ်တော့ ကျွန်မက ဆန်းသစ်မြန်မာ စာဖတ်ပရိသတ်ကြီးကို ပြောပြမှာက အပျိုဖော်ဝင်ခြင်းအကြောင်း အမေးအဖြေဖြစ်ပါတယ်။

ဘယ်အချိန်မှာ အပျိုဖော်စဝင်တာလဲ

မိန်းကလေးတွေ အပျိုဖော်ဝင်တာက ပျှမ်းမျှအားဖြင့် အသက်ရှစ်နှစ်နဲ့ ဆယ့်သုံးနှစ်ကြားအရွယ်မှာ စတင်တတ်ပြီး အပျိုဖော်စဝင်ပြီး အချိန်နှစ်နှစ်အတွင်းလောက်မှာ ရာသီမှန်မှန်လာတတ်ပါတယ်။

အပျိုဖော်ဝင်ချိန်မှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်တတ်သလဲ

အပျိုဖော်ဝင်ချိန်မှာ မိန်းကလေးတစ်ယောက်ဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်နိုင်အောင် ပြင်ဆင်တဲ့နည်းတွေနဲ့ ကြီးထွားဖွံ့ဖြိုးလာပါတယ်။ အပြောင်းအလဲတွေဟာ အဆင့်တွေအလိုက်ဖြစ်ပေါ်တတ်ပါတယ်။

-အရင်ဆုံးအနေနဲ့ မိန်းကလေးတေတွဟာ ရင်သားတွေ ဖွံ့ဖြိုးလာပါတယ်။ အစပိုင်းမှာောတ့ သေးငယ်ပြားချပ်နေတဲ့ ရင်သားက နို့သီးအောက်မှာ နာကျင်တဲ့အဖုဖြစ်လာပါတယ်။ ရင်သားတွေဟာ နောက်ဆုံးကြီးထွားမယ့် အဆင့်နဲ့ ပုံသဏ္ဌာန်ကို ရောက်ရှိသွားဖို့ ငါးနှစ်လောက်ထိအချိန်ယူရတတ်ပါတယ်။

-ချိုင်းမွှေးတွေနဲ့ ဆီးခုံမွှေးတွေဟာ စတင်ထွက်လာတတ်ပါတယ်။

-အရင်တုန်းက ရှိခဲ့တဲ့ အရပ်အမောင်းထက် သိသိသာသာမြင့်တက်လာပါတယ်။

-ခန္ဓာကိုယ်ကောက်ကြောင်းက ပေါ်လွင်လာပါတယ်။ ဒီအချိန်အတောအတွင်းမှာ အလေးချိန်ရှိသင့်ရှိထိုက်တဲ့ နေရာတွေမှာ အထူးသဖြင့် တင်ပါးနဲ့ ရင်သားတွေမှာ နေရာချထားနေတတ်တာကြောင့် ဒီအချိန်မျိုးတွေမှာ အစာအငတ်ခံတာမျိုး မလုပ်ပါနဲ့။

-ချွေးထွက်များလာသလို ခန္ဓာကိုယ်ပေါ်က အနံ့ဟာလည်း အထူးသဖြင့်ချိုင်းကြားနေရာမှာ သိသိသာသာပြောင်းလဲလာပါတယ်။

-တချို့ မိန်းကလေးတွေမှာ မျက်နှာနဲ့ နောက်ကျောမှာ ဝက်ခြံတွေပေါက်လာတတ်ပါတယ်။

-မိန်းမကိုယ်ကနေ အရည်တွေဆင်းခြင်း စတင်တတ်ပါတယ်။ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲလာသလို လိင်နဲ့ ပတ်သက်ပြီး တစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ ခံစားချက်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။

ဘာကြောင့် ဒီလိုပြောင်းလဲမှုတွေ ဖြစ်ရတာလဲ

ခန္ဓာကိုယ်ထဲမှာ လိင်ဟော်မုန်းလို့ခေါ်တဲ့ သဘာဝဓာတ်တွေက လှည့်လည်နေပါတယ်။ ဒီဟော်မုန်းတွေကြောင့် ပြောင်းလဲမှုတွေ ဖြစ်ရတာပါ။ အပျိုဖော်စတင်ဝင်ချိန်မှာ ဦးနှောက်ကနေ GnRHဟော်မုန်းထွက်လာပြီး အဲ့ဒီဟော်မုန်းဟာ FSHနဲ့ LH လို့ခေါ်တဲ့ ဟော်မုန်းနှစ်မျိုးထွက်စေပါတယ်။ FSH နဲ့ LH ဟော်မုန်းနှစ်မျိုးဟာ မျိုးဥတွေပါတဲ့ အမမျိုးဥအိမ်ကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအခါ မဟော်မုန်း၊ အီစထရိုဂျင်ကို ထွက်ရှိစေကာ အပျိုဖော်ဝင်ချိန်အတွင်း အပြောင်းအလဲတွေ ဖြစ်သွားပါတော့တယ်၊















LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: