
လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆို လုပ်ငန်းကို ကိုယ်စားပြုတဲ့အမှတ်အသား လိုဂို ( Logo ) ဟာ မရှိမဖြစ် အရေးပါလှပါတယ်။ ဒါကြောင့် သင့်ရဲ့လုပ်ငန်းအမှတ်တံဆိပ်ဟာ သင့်ရဲ့အောင်မြင်မှုကို ကိုယ်စားပြုပါတယ်။ အမှတ်တံဆိပ် တစ်ခုဟာ လုပ်ငန်းကြီးကြီးငယ်ငယ် လိုအပ်ပါတယ်။ အချို့က လုပ်ငန်းကြီးမှ လိုဂိုကို ပြင်ဆွဲမယ်လို့ ပြောတတ်ကြပြီး အမှတ်တံဆိပ်တစ်ခုကို တန်ဖိုးမထားတတ်ကြပါဘူး။
အမှန်တော့ အမှတ်တံဆိပ်တစ်ခုဟာ အရေးကြီးသလို လုပ်ငန်းရဲ့ အောင်မြင်မှုကို ပြတဲ့အမှတ်အသားလဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ်ကိုရေးဆွဲတဲ့အခါ ဘာကြောင့် ဒီ အမှတ်တံဆိပ်တစ်ခုဟာ လူစိတ်မဝင်စားကြတာလဲ၊ မသိကြတာလဲ ဆိုတာ အကြောင်းရင်းရှိပါတယ်။ အဲ့ဒါတွေက ဘာဖြစ်မလဲဆိုတာကိုတော့ အောက်ပါ အချက်များကြောင့် ဖြစ်ပါတယ်။
၁။ ရိုးရှင်းလွန်းခြင်း သို့မဟုတ် ရှုပ်ထွေးလွန်းခြင်း
ဘယ်အရာဖြစ်ဖြစ် အစွန်းနှစ်ဖက်လွတ်တာ အကောင်းဆုံးပါ။ ရိုးရှင်းတဲ့ လိုဂိုသဘာဝမှာ စဉ်းစားစရာ ၂ချက်ရှိပါတယ်။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အရာဝတ္ထုတွေကို ဆွဲမှာလား ဒါမှဟုတ် ရိုးရှင်းတဲ့ အမှတ်အသားတစ်ခုခုကို ဆွဲမှာလား ဆိုတဲ့အချက်ပါဘဲ။ အမှတ်တံဆိပ် ဆိုတာ မှတ်မိလွယ်သင့်ပြီး စိတ်ကူးယဉ်တဲ့အမှတ်အသားလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ကူးယဉ်မှုကို အသားပေးလွန်းရင်လည်း မှတ်သားရခက်ပါတယ်။
ဥပမာအားဖြင့် ဟမ်ဘာဂါ လုပ်ငန်းအနေနဲ့ လုပ်ငန်းအမှတ်အသားကို ဟမ်ဘာကာပုံဘဲ ဆွဲရမယ်လို့ သတ်မှတ်ချက်မရှိပါဘူး။ အခြားအမှတ်အသား ဆွဲနိုင်ပါသေးတယ်။ ဆိုလိုတာက စာသားလဲ ဖြစ်နိုင်သလို အခြားအရာများလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ ပြရရင် အမေရိကန်မှာ လူသိများအောင်မြင်နေတဲ့ Nike ကုမ္ပဏီရဲ့ လိုဂိုကို မြင်ကြည့်ပါ။ လူတိုင်း မှတ်မိဖို့လွယ်ပါတယ်။ အမှန်ခြစ် ပုံစံလေးကိုတွေ့လိုက်တိုင်း ဒါဟာ Nike မှန်း လူတိုင်းသိပါတယ်။ အရမ်းကို တိကျဖို့လိုပြီး Point တွေအများကြီးပါတဲ့ လိုဂိုမျိုးက ရှုပ်ထွေးသလို လက်တွေ့မှာ Print လုပ်တဲ့အခါ အတိအကျထွက်ဖို့ ခဲယဉ်းပါတယ်။
ဒါကြောင့် လိုဂိုတစ်ခု သတ်မှတ်တဲ့အခါ ကွန်ပြူတာပေါ်မှာ မြင်သလို ဖုန်းတွေအပေါ်မှာ မြင်သလိုဘဲ အမြဲသတ်မှတ်လို့မရပါဘူး။ အပြင်မှာ Print ထုတ်တဲ့အခါ လွယ်ကူအောင်၊ ဆိုင်းဘုတ်တွေ ရိုက်တဲ့အခါ လွယ်ကူအောင်လည်း ဖန်တီးရမှာ ဖြစ်ပါတယ်။
၂။ ပေါချောင်ကောင်း ပြုလုပ်ခြင်း
သင့်အိမ်နားက စာစီစာရိုက်လုပ်ငန်းမှာလုပ်နေတဲ့သူကို သွားအပ်မိရင်တော့ ငါးပါးမှောက်မှာအသေအချာပါဘဲ။ သိထားရမှာက Photoshop ကိုင်တတ်ရုံနဲ့ လိုဂိုဒီဇိုင်နာ တစ်ယောက်မဟုတ်ဘူးဆိုတာ ပါဘဲ။ စာရေးသူအနေနဲ့လည်း ကြုံဖူးပါတယ်။ လုပ်ငန်းတစ်ခုအတွက် လိုဂိုကိစ္စစကားပြောတော့ ကိုယ်ပြောတဲ့စျေးက များနေတယ်လို့ ထင်ပါတယ်။ အိမ်နားက ဆိုင်မှာ ၅၀၀၀ နဲ့တောင် အပ်လို့ရတယ်ပြောတော့ ဘာမှသိပ်မပြောချင်တော့ပါဘူး။ ပေါချောင်ကောင်းတွေကို အားမပေးပါ။
တစ်ကယ့်လက်တွေ့ဘဝမှာ လိုဂိုဆွဲပေးနိုင်တဲ့ software တွေလဲ အလကားပါဘဲ။ ကြိုတင်ရေးထားတဲ့ Template တွေနဲ့ သင့်ကို လှည့်စားထားတာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ အလိုအလျောက်ဆွဲပေးတယ်ဆိုတာကလဲ လက်တွေ့မှာ အသုံးမဝင်ပါဘူး။ ဒါကြောင့် Professional တစ်ယောက်ကို ငှားပြီး ဆွဲပါ။ အကယ်၍များ သင်ဟာ ရေခဲပေါင်းရောင်း၊ ဇီးထုပ်ရောင်းနေတဲ့ အဆင့်လောက်ဆိုရင် အိမ်နားက တစ်ပုံ ၅၀၀၀ တန်ကတော့ သင့်အတွက် မဆိုးလှပါဘူး။
၃။ အရည်အသွေးနိမ့်သောပုံအဖြစ်အသုံးပြုခြင်း
အမှတ်တံဆိပ်တစ်ခုဆွဲတဲ့အခါ အသင့်လျော်ဆုံး format ကတော့ vector graphic format ဖြစ်ပါတယ်။ ပုံရိပ်ကို ကြည်လင်ပြတ်သားမှုအကောင်းဆုံး ပေးစွမ်းနိုင်ပါတယ်။ အချို့တွေက ပုံတစ်ပုံထဲကို ဆိုဒ်အမျိုးမျိုးပြန်ဆွဲပြီး သိမ်းထားကြပါတယ်။ အကယ်၍များ vector format ဖြစ်မယ်ဆိုရင်တော့ ဒါတွေ သိပ်စဉ်းစားစရာမလိုပါဘူး။ ဆိုင်းဘုတ်အကြီးတွေ ထုတ်မယ်ဆိုရင် သာမန် JPG နဲ့ save ထားမယ်ဆိုရင် တိုင်ပတ်ပါပြီ။ ပုံရိပ်တွေက ထုတ်လိုက်တဲ့ အခါ ကြည်လင်မှုရှိမှာ မဟုတ်ပါဘူး။
၄။ လုပ်ငန်းကို ကိုယ်စားမပြုခြင်း
လိုဂိုတော့ ဆွဲလိုက်ပါတယ်။ ဒါပေမယ့် လုပ်ငန်းကို ကိုယ်စားမပြုဘဲ ကျရှုံးသွားတဲ့ လိုဂိုတွေ အများကြီးပါ။ ဒါကြောင့် ဒီနေရာမှာ စဉ်းစားစရာတွေ ရှိလာပါတယ်။ လိုဂိုရဲ့ ပစ်မှတ်ကဘာလဲ၊ လုပ်ငန်းရဲ့သဘာဝက ဘာလဲ၊ စတဲ့အရာတွေကို လုပ်ငန်းအပ်သူကို သေချာမေးပြီးမှ ဆွဲရမှာ ဖြစ်ပါတယ်။ အချို့က ဆွဲပြီးမှ ခုတ်ရာတစ်ခြား၊ ထစ်ရာတစ်ခြား ဖြစ်နေတာ အများကြီးပါ။ ဥပမာအားဖြင့် Adidas ရဲ့ အမှတ်တံဆိပ်ကို မြင်ယောင်ကြည့်ပါ။ ဒီဇိုင်းက ဖိနပ်ပုံစံနဲ့ဆင်ပါတယ်။ တစ်စောင်းလေးပုံဖော်ထားပြီး ရှူးဖိနပ်တစ်ရံကဲ့သလို့ ဖြစ်နေပါတယ်။ အဲ့ဒီ ဒီဇိုင်းဟာ Adidas ရဲ့လုပ်ငန်းသဘာဝနဲ့လည်း ကိုက်ညီနေပါတယ်။
၅။ Effect များလွန်းခြင်း
အမှတ်တံဆိပ်တစ်ခုသတ်မှတ်တဲ့အခါ အရောင်ရွေးချယ်မှုဟာလည်း အရေးပါလှပါတယ်။ အရောင်ရောစပ်မှုအရမ်းများရင် မျက်စိထဲမှာ ရှုပ်နေသလို အရိပ်တွေနဲ့ ထုထည်တွေကို မလိုအပ်ဘဲ မတင်တာ အကောင်းဆုံးပါ။ ကမ္ဘာကျော် ကုမ္ပဏီကြီး တွေ ဖြစ်တဲ့ Apple, Nike, Adidas တို့ရဲ့ အမှတ်တံဆိပ်မှာ အဖြူနဲ့အမဲ တို့ကိုသာ သုံးထားတာကို တွေ့ ရ မှာပါ။ အရောင်သုံးစွဲမှုတွေကလည်း အရေးကြီးပါတယ်။ စားသောက်ကုန်လုပ်ငန်းတွေရဲ့ အမှတ်အသားမှာဆိုရင် အနီ၊ လိမ္မော်၊ အဝါနဲ့ အစိမ်းရောင်တို့ကို သုံးစွဲမှုများတာကို တွေ့ရမှာပါ။
ဘာကြောင့်လဲဆိုတော့ အဆိုပါ အရောင်တွေဟာ ဆာလောင်မှုနဲ့ လိုချင်တက်မက်မှုကို ပေးစွမ်းနိုင်တဲ့ အရောင်တွေ ဖြစ်နေတာ ကြောင့်ပါ။ ဒါကြောင့် သင့်အနေနဲ့ အရောင်တွေရဲ့ အဓိပ္ပာယ်နဲ့ လုပ်ငန်းလိုအပ်ချက်ကို သိဖို့လိုပါတယ်။
၆။ ဆင်တူရိုးမှားပြုလုပ်ခြင်း
ဘယ်အရာဘဲ ဖြစ်ဖြစ် ဆင်တူရိုးမှားလုပ်တာ မကောင်းပါဘူး။ သင့် အမှတ်တံဆိပ်ကို အချိန်တိုအတွင်းမှာ အောင်မြင်ချင်တဲ့ စိတ်နဲ့ အောင်မြင်ပြီးသားအရာတစ်ခုအတိုင်း ဆင်တူရိုးမှားပြုလုပ်တဲ့အခါ သင်ဟာ အမြဲတမ်း အတုဖြစ်နေပါဘဲ။ ဒါ့အပြင် ဒုတိယလူအဖြစ် တစ်သက်လုံးနေထိုင်သွားရပါမယ်။ ဒါ့အပြင် ခေတ်ရေစီးကြောင်းအတိုင်း အမြဲလိုက်နေဖို့မလိုဘူးဆို တာလဲ သိထားရပါမယ်။
Zawgyi Font : ဘာေၾကာင့္ သင့္ရဲ႕ကိုယ္ပိုင္ အမွတ္တံဆိပ္ မေအာင္ျမင္ရတာလဲ
လုပ္ငန္းတစ္ခုလုပ္ေတာ့မယ္ဆို လုပ္ငန္းကို ကိုယ္စားျပဳတဲ့အမွတ္အသား လိုဂို ( Logo ) ဟာ မရွိမျဖစ္ အေရးပါလွပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕လုပ္ငန္းအမွတ္တံဆိပ္ဟာ သင့္ရဲ႕ေအာင္ျမင္မႈကို ကိုယ္စားျပဳပါတယ္။ အမွတ္တံဆိပ္ တစ္ခုဟာ လုပ္ငန္းႀကီးႀကီးငယ္ငယ္ လိုအပ္ပါတယ္။ အခ်ိဳ႕က လုပ္ငန္းႀကီးမွ လိုဂိုကို ျပင္ဆြဲမယ္လို႔ ေျပာတတ္ၾကၿပီး အမွတ္တံဆိပ္တစ္ခုကို တန္ဖိုးမထားတတ္ၾကပါဘူး။
အမွန္ေတာ့ အမွတ္တံဆိပ္တစ္ခုဟာ အေရးႀကီးသလို လုပ္ငန္းရဲ႕ ေအာင္ျမင္မႈကို ျပတဲ့အမွတ္အသားလဲ ျဖစ္ပါတယ္။ အမွတ္တံဆိပ္ကိုေရးဆြဲတဲ့အခါ ဘာေၾကာင့္ ဒီ အမွတ္တံဆိပ္တစ္ခုဟာ လူစိတ္မဝင္စားၾကတာလဲ၊ မသိၾကတာလဲ ဆိုတာ အေၾကာင္းရင္းရွိပါတယ္။ အဲ့ဒါေတြက ဘာျဖစ္မလဲဆိုတာကိုေတာ့ ေအာက္ပါ အခ်က္မ်ားေၾကာင့္ ျဖစ္ပါတယ္။
၁။ ႐ိုးရွင္းလြန္းျခင္း သို႔မဟုတ္ ရႈပ္ေထြးလြန္းျခင္း
ဘယ္အရာျဖစ္ျဖစ္ အစြန္းႏွစ္ဖက္လြတ္တာ အေကာင္းဆုံးပါ။ ႐ိုးရွင္းတဲ့ လိုဂိုသဘာဝမွာ စဥ္းစားစရာ ၂ခ်က္ရွိပါတယ္။ လုပ္ငန္းနဲ႔သက္ဆိုင္တဲ့ အရာဝတၳဳေတြကို ဆြဲမွာလား ဒါမွဟုတ္ ႐ိုးရွင္းတဲ့ အမွတ္အသားတစ္ခုခုကို ဆြဲမွာလား ဆိုတဲ့အခ်က္ပါဘဲ။ အမွတ္တံဆိပ္ ဆိုတာ မွတ္မိလြယ္သင့္ၿပီး စိတ္ကူးယဥ္တဲ့အမွတ္အသားလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္ကူးယဥ္မႈကို အသားေပးလြန္းရင္လည္း မွတ္သားရခက္ပါတယ္။
ဥပမာအားျဖင့္ ဟမ္ဘာဂါ လုပ္ငန္းအေနနဲ႔ လုပ္ငန္းအမွတ္အသားကို ဟမ္ဘာကာပုံဘဲ ဆြဲရမယ္လို႔ သတ္မွတ္ခ်က္မရွိပါဘူး။ အျခားအမွတ္အသား ဆြဲႏိုင္ပါေသးတယ္။ ဆိုလိုတာက စာသားလဲ ျဖစ္ႏိုင္သလို အျခားအရာမ်ားလည္း ျဖစ္ႏိုင္ပါတယ္။ ဥပမာ ျပရရင္ အေမရိကန္မွာ လူသိမ်ားေအာင္ျမင္ေနတဲ့ Nike ကုမၸဏီရဲ႕ လိုဂိုကို ျမင္ၾကည့္ပါ။ လူတိုင္း မွတ္မိဖို႔လြယ္ပါတယ္။ အမွန္ျခစ္ ပုံစံေလးကိုေတြ႕လိုက္တိုင္း ဒါဟာ Nike မွန္း လူတိုင္းသိပါတယ္။ အရမ္းကို တိက်ဖို႔လိုၿပီး Point ေတြအမ်ားႀကီးပါတဲ့ လိုဂိုမ်ိဳးက ရႈပ္ေထြးသလို လက္ေတြ႕မွာ Print လုပ္တဲ့အခါ အတိအက်ထြက္ဖို႔ ခဲယဥ္းပါတယ္။
ဒါေၾကာင့္ လိုဂိုတစ္ခု သတ္မွတ္တဲ့အခါ ကြန္ျပဴတာေပၚမွာ ျမင္သလို ဖုန္းေတြအေပၚမွာ ျမင္သလိုဘဲ အၿမဲသတ္မွတ္လို႔မရပါဘူး။ အျပင္မွာ Print ထုတ္တဲ့အခါ လြယ္ကူေအာင္၊ ဆိုင္းဘုတ္ေတြ ႐ိုက္တဲ့အခါ လြယ္ကူေအာင္လည္း ဖန္တီးရမွာ ျဖစ္ပါတယ္။
၂။ ေပါေခ်ာင္ေကာင္း ျပဳလုပ္ျခင္း
သင့္အိမ္နားက စာစီစာ႐ိုက္လုပ္ငန္းမွာလုပ္ေနတဲ့သူကို သြားအပ္မိရင္ေတာ့ ငါးပါးေမွာက္မွာအေသအခ်ာပါဘဲ။ သိထားရမွာက Photoshop ကိုင္တတ္႐ုံနဲ႔ လိုဂိုဒီဇိုင္နာ တစ္ေယာက္မဟုတ္ဘူးဆိုတာ ပါဘဲ။ စာေရးသူအေနနဲ႔လည္း ႀကဳံဖူးပါတယ္။ လုပ္ငန္းတစ္ခုအတြက္ လိုဂိုကိစၥစကားေျပာေတာ့ ကိုယ္ေျပာတဲ့ေစ်းက မ်ားေနတယ္လို႔ ထင္ပါတယ္။ အိမ္နားက ဆိုင္မွာ ၅၀၀၀ နဲ႔ေတာင္ အပ္လို႔ရတယ္ေျပာေတာ့ ဘာမွသိပ္မေျပာခ်င္ေတာ့ပါဘူး။ ေပါေခ်ာင္ေကာင္းေတြကို အားမေပးပါ။
တစ္ကယ့္လက္ေတြ႕ဘဝမွာ လိုဂိုဆြဲေပးႏိုင္တဲ့ software ေတြလဲ အလကားပါဘဲ။ ႀကိဳတင္ေရးထားတဲ့ Template ေတြနဲ႔ သင့္ကို လွည့္စားထားတာ ျဖစ္ပါတယ္။ အြန္လိုင္းကေန အလိုအေလ်ာက္ဆြဲေပးတယ္ဆိုတာကလဲ လက္ေတြ႕မွာ အသုံးမဝင္ပါဘူး။ ဒါေၾကာင့္ Professional တစ္ေယာက္ကို ငွားၿပီး ဆြဲပါ။ အကယ္၍မ်ား သင္ဟာ ေရခဲေပါင္းေရာင္း၊ ဇီးထုပ္ေရာင္းေနတဲ့ အဆင့္ေလာက္ဆိုရင္ အိမ္နားက တစ္ပုံ ၅၀၀၀ တန္ကေတာ့ သင့္အတြက္ မဆိုးလွပါဘူး။
၃။ အရည္အေသြးနိမ့္ေသာပုံအျဖစ္အသုံးျပဳျခင္း
အမွတ္တံဆိပ္တစ္ခုဆြဲတဲ့အခါ အသင့္ေလ်ာ္ဆုံး format ကေတာ့ vector graphic format ျဖစ္ပါတယ္။ ပုံရိပ္ကို ၾကည္လင္ျပတ္သားမႈအေကာင္းဆုံး ေပးစြမ္းႏိုင္ပါတယ္။ အခ်ိဳ႕ေတြက ပုံတစ္ပုံထဲကို ဆိုဒ္အမ်ိဳးမ်ိဳးျပန္ဆြဲၿပီး သိမ္းထားၾကပါတယ္။ အကယ္၍မ်ား vector format ျဖစ္မယ္ဆိုရင္ေတာ့ ဒါေတြ သိပ္စဥ္းစားစရာမလိုပါဘူး။ ဆိုင္းဘုတ္အႀကီးေတြ ထုတ္မယ္ဆိုရင္ သာမန္ JPG နဲ႔ save ထားမယ္ဆိုရင္ တိုင္ပတ္ပါၿပီ။ ပုံရိပ္ေတြက ထုတ္လိုက္တဲ့ အခါ ၾကည္လင္မႈရွိမွာ မဟုတ္ပါဘူး။
၄။ လုပ္ငန္းကို ကိုယ္စားမျပဳျခင္း
လိုဂိုေတာ့ ဆြဲလိုက္ပါတယ္။ ဒါေပမယ့္ လုပ္ငန္းကို ကိုယ္စားမျပဳဘဲ က်ရႈံးသြားတဲ့ လိုဂိုေတြ အမ်ားႀကီးပါ။ ဒါေၾကာင့္ ဒီေနရာမွာ စဥ္းစားစရာေတြ ရွိလာပါတယ္။ လိုဂိုရဲ႕ ပစ္မွတ္ကဘာလဲ၊ လုပ္ငန္းရဲ႕သဘာဝက ဘာလဲ၊ စတဲ့အရာေတြကို လုပ္ငန္းအပ္သူကို ေသခ်ာေမးၿပီးမွ ဆြဲရမွာ ျဖစ္ပါတယ္။ အခ်ိဳ႕က ဆြဲၿပီးမွ ခုတ္ရာတစ္ျခား၊ ထစ္ရာတစ္ျခား ျဖစ္ေနတာ အမ်ားႀကီးပါ။ ဥပမာအားျဖင့္ Adidas ရဲ႕ အမွတ္တံဆိပ္ကို ျမင္ေယာင္ၾကည့္ပါ။ ဒီဇိုင္းက ဖိနပ္ပုံစံနဲ႔ဆင္ပါတယ္။ တစ္ေစာင္းေလးပုံေဖာ္ထားၿပီး ရွဴးဖိနပ္တစ္ရံကဲ့သလို႔ ျဖစ္ေနပါတယ္။ အဲ့ဒီ ဒီဇိုင္းဟာ Adidas ရဲ႕လုပ္ငန္းသဘာဝနဲ႔လည္း ကိုက္ညီေနပါတယ္။
၅။ Effect မ်ားလြန္းျခင္း
အမွတ္တံဆိပ္တစ္ခုသတ္မွတ္တဲ့အခါ အေရာင္ေ႐ြးခ်ယ္မႈဟာလည္း အေရးပါလွပါတယ္။ အေရာင္ေရာစပ္မႈအရမ္းမ်ားရင္ မ်က္စိထဲမွာ ရႈပ္ေနသလို အရိပ္ေတြနဲ႔ ထုထည္ေတြကို မလိုအပ္ဘဲ မတင္တာ အေကာင္းဆုံးပါ။ ကမာၻေက်ာ္ ကုမၸဏီႀကီး ေတြ ျဖစ္တဲ့ Apple, Nike, Adidas တို႔ရဲ႕ အမွတ္တံဆိပ္မွာ အျဖဴနဲ႔အမဲ တို႔ကိုသာ သုံးထားတာကို ေတြ႕ ရ မွာပါ။ အေရာင္သုံးစြဲမႈေတြကလည္း အေရးႀကီးပါတယ္။ စားေသာက္ကုန္လုပ္ငန္းေတြရဲ႕ အမွတ္အသားမွာဆိုရင္ အနီ၊ လိေမၼာ္၊ အဝါနဲ႔ အစိမ္းေရာင္တို႔ကို သုံးစြဲမႈမ်ားတာကို ေတြ႕ရမွာပါ။
ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါ အေရာင္ေတြဟာ ဆာေလာင္မႈနဲ႔ လိုခ်င္တက္မက္မႈကို ေပးစြမ္းႏိုင္တဲ့ အေရာင္ေတြ ျဖစ္ေနတာ ေၾကာင့္ပါ။ ဒါေၾကာင့္ သင့္အေနနဲ႔ အေရာင္ေတြရဲ႕ အဓိပၸာယ္နဲ႔ လုပ္ငန္းလိုအပ္ခ်က္ကို သိဖို႔လိုပါတယ္။
၆။ ဆင္တူ႐ိုးမွားျပဳလုပ္ျခင္း
ဘယ္အရာဘဲ ျဖစ္ျဖစ္ ဆင္တူ႐ိုးမွားလုပ္တာ မေကာင္းပါဘူး။ သင့္ အမွတ္တံဆိပ္ကို အခ်ိန္တိုအတြင္းမွာ ေအာင္ျမင္ခ်င္တဲ့ စိတ္နဲ႔ ေအာင္ျမင္ၿပီးသားအရာတစ္ခုအတိုင္း ဆင္တူ႐ိုးမွားျပဳလုပ္တဲ့အခါ သင္ဟာ အၿမဲတမ္း အတုျဖစ္ေနပါဘဲ။ ဒါ့အျပင္ ဒုတိယလူအျဖစ္ တစ္သက္လုံးေနထိုင္သြားရပါမယ္။ ဒါ့အျပင္ ေခတ္ေရစီးေၾကာင္းအတိုင္း အၿမဲလိုက္ေနဖို႔မလိုဘူးဆို တာလဲ သိထားရပါမယ္။