
Google ကနေပြီးတော့ မကြာမှီအချိန်ကာလအတွင်းမှာ ကားပါကင်ရပ်စရာ နေရာလွတ်တွေကို ရှာဖွေပေးမယ့် လုပ်ဆောင်ချက် ထည့်သွင်းပေးမည် ဖြစ်ကြောင်းသိရပါတယ်။ ဒါမျိုးကို အရင်က ရုပ်ရှင်တွေထဲမှာသာ စိတ်ကူးယဉ်အနေဖြင့် ကြည့်ခဲ့ရပေမယ့် မကြာမှီအချိန်မှာ လက်တွေ့အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာလွတ်တွေကို Google ကနေ အချိန်နဲ့တစ်ပြေးညီ ဘယ်လိုရှာဖွေပေးမလဲဆိုတာကိုတော့ အတိအကျ မထုတ်ပြန်ထားပါဘူး။ မြေပုံမှာ P ပုံစံအရုပ်လေးပြနေရင် ကားပါကင်ထိုးနိုင်မယ့်နေရာကို ပြတာဖြစ်ပြီး လက်ရှိတည်နေရာနဲ့ ပါကင်ထိုးရမယ့်နေရာ အကွာအဝေးလမ်းကြောင်းနဲ့ မောင်းရချိန်မိနစ်ခန့်မှန်းခြေကအစ ဖော်ပြသွား မှာ ဖြစ်ပါတယ်။ နည်းပညာအရကြည့်ရင် တိုးတက်ကောင်းမွန်လာပေမယ့် ကျနော်တို့လူသားတွေရဲ့လှုပ်ရှားမှုဟာ တစ်ကယ့်ကို လုံခြုံမှုရှိသေးရဲ့လားဆိုတဲ့ ရှု့ထောင့်ကနေ ပြန်ကြည့်ရင် ကျောချမ်းစရာပါဘဲ။