Home Knowledge ၂၁ ရာစုမှ ကမ္ဘာ့အံ့ဖွယ်လူသားများ

၂၁ ရာစုမှ ကမ္ဘာ့အံ့ဖွယ်လူသားများ

0
၂၁ ရာစုမှ ကမ္ဘာ့အံ့ဖွယ်လူသားများ

ဒီခေါင်းစဉ်လေးကို ဘာကြောင့်ပေးရတာလဲ။ အံ့သြစရာကောင်းလွန်းလို့ပါ။ကမ္ဘာ့လူသားအတော်များများက ငတ်မွတ်ခေါင်းပါးနေကြတယ်။ စားရသောက်ရရုံလူတွေ ဆိုတာကလည်း ကမ္ဘာတစ်ဝန်းများမှများ။ စားနေဝတ်ပြည့်စုံပြီးမပူမပင်နေကြရတဲ့ လူတွေလည်းရှိကြပါရဲ့။ ဒါပေမယ့် မဆိုစလောက်လူတစ်စုက ကမ္ဘာတစ်ဝန်းကလူသားအများစု အိမ်မက်တောင်မမက်ခဲ့ကြဖူးတဲ့ ဝင်ငွေစီးပွားတွေကို ပိုင်ဆိုင်နေကြတယ်။ ဒါကြောင့်မို့ အံ့ဖွယ်လူသားလို့အမည်ပေးလိုက်တာပါ။ ကဲ သူတို့ရဲ့တစ်နေ့တာဝင်ငွေကို ကြည့်ရအောင်လားခင်ဗျာ။

1. Mark Zuckerberge

markzuckerberg

Facebook ကို တည်ထောင်သူဖြစ်ပြီး သူ့ရဲ့တစ်ရက်တာ ဝင်ငွေက ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄.၄မီလီယံရှိပါတယ်။

2. Bill Gates

Microsoft ကုမ္ပဏီတည်ထောင်သူ ဖြစ်ပြီး ဘီလ်ဂိတ်ရဲ့ တစ်ရက်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၃.၅ မီလီယံရှိပါတယ်။

3. Jeff Bezos

Amazon.com ကို တည်ထောင်ခဲ့သူဖြစ်ပြီး ဂျက်ဖ်ရဲ့ ဝင်ငွေဟာ ခန့်မှန်းခြေ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၃.၃ မီလီယံ ရှိပါတယ်။

4. Amancio Ortega

Zara ဆိုတဲ့ စပိန်အဝတ်အစားနဲ့ ဖက်ရှင်အသုံးအဆောင် လက်လီရောင်းချတဲ့ကုမ္ပဏီဖြစ်ပြီး သူ့ရဲ့တစ်ရက်ဝင်ငွေက အမေရိကန်ဒေါ်လာ ၂.၄ မီလီယံ ခန့်ရှိပါတယ်။

5. Sergey Brin

Google ကုမ္ပဏီကိုတွဲဖက် တည်ထောင်သူဖြစ်ပြီး သူ့ရဲ့အသားတင် တစ်ရက်ဝင်ငွေက အမေရိကန်ဒေါ်လာ ၂.၃ မီလီယံ ခန့်ရှိပါတယ်။

6. Larry Page

Google ကုမ္ပဏီကို တွဲဖက်တည်ထောင်သူ တစ်ဦးအပါအဝင်ဖြစ်ပြီး လာရီရဲ့ တစ်ရက်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၂.၃ မီလီယံ ခန့်ရှိပါတယ်။ ဒါကြောင့် Larry Page နဲ့ Sergey Brin တို့ရဲ့ဝင်ငွေဟာ အတိအကျအားဖြင့်တွက်ရင် အနည်းငယ်မျှသာ ကွာခြားမှုရှိပါတယ်။

7. Warren Buffett

၀ါရီရန် ဘတ်ဖက် ကတော့ အမေရိကန်ရဲ့ ငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုအတွက်အချက် အတော်ဆုံးသူ အဖြစ် သတ်မှတ်ခြင်း ခံရတဲ့ သူတစ်ယောက်ပါ။ ကုမ္ပဏီပေါင်းများစွာမှာ ရှယ်ယာပါဝင်ပြီး ကမ္ဘာ့ဝန်ထမ်းအနည်းဆုံးနဲ့လည်ပတ်နေတဲ့ ငွေကြေးဆိုင်ရာ ပါရဂူတစ်ယောက်ဖြစ်ပါတယ်။ ထူးခြားချက်က သူ့ ကုမ္ပဏီမှာ ဝန်ထမ်းစုစုပေါင်း ၁၃ယောက်သာရှိပြီး သူ့ရဲ့တစ်ရက်တာ ဝင်ငွေက အမေရိကန်ဒေါ်လာ ၂.၂ မီလီယံ ဝင်ငွေရှိပါတယ်။ ဒါတောင်မှ ဝန်ထမ်းတွေဟာ နှစ်ရှည်လများ အလုပ်လုပ်ပေးခဲ့လို့ ဆက်ခန့်ထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဝန်ထမ်းတောင် သိပ်မလိုတဲ့အနေအထား ဖြစ်ပါတယ်။ တစ်ကယ့်ကို ထူးခြားတဲ့ပါရမီရှင်လည်း ဖြစ်ပါတယ်။

8. Carlos Slim Helu

Grupo Carso လုပ်ငန်းစုကြီးကို ပိုင်ဆိုင်သူဖြစ်ပြီး လုပ်ငန်းခွဲတွေ အများကြီးရှိပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ ranking အဆင့်ပြန်ကျသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ရက်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁.၉ မီလီယံ ဖြစ်ပါတယ်။

9. Larry Ellison

Larry Ellison

Oracle Corporation ကို တွဲဖက်တည်ထောင်သူဖြစ်ပြီး Larry Ellison ရဲ့ တစ်ရက်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၉ မီလီယံ ရှိပါတယ်။

10. Michael Bloomberg

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်၊ စာရေးဆရာတစ်ဦး ဖြစ်တဲ့ မိုက်ကယ် ဘလွန်းဘတ်ရှ် ဟာ Bloomberg ဆိုတဲ့ သတင်း website ကို တည်ထောင်ခဲ့သူဖြစ်ပြီး နည်းပညာဆိုင်ရာလုပ်ငန်း၊ သတင်း၊ စတော့လုပ်ငန်း စတဲ့ လုပ်ငန်းတွေကနေ ငွေကြေးအမြောက်အမြားရရှိနေသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တစ်ရက်ဝင်ငွေက အမေရိကန်ဒေါ်လာ ၁.၆ မီလီယံ ရှိပါတယ်။

Ref: Forbes

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: