Home Lifestyle Health ညဘက်မှာ ဘာကြောင့် မကြာခဏဆီးသွားရတာလဲ

ညဘက်မှာ ဘာကြောင့် မကြာခဏဆီးသွားရတာလဲ

0
ညဘက်မှာ ဘာကြောင့် မကြာခဏဆီးသွားရတာလဲ

ညဘက်မှာ မကြာခဏဆီးသွားရခြင်းဟာ အသက်ကြီးသူတွေမှာ ပိုဖြစ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ အသက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်ပါတယ်။ ကြီးနေတဲ့ဆီးကျိတ်ဟာ ဆီးပြွန်ချောင်းလို့ခေါ်တဲ့ ပြွန်မှာ ဖိထားခံရပြီး ဆီးအိတ်ကနေ ဆီးတွေကို အကုန်အစင်မထုတ်နိုင်အောင် တားဆီးထားပါတယ်။ ဒါကြောင့်မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး ဆီးသွားနေရတာပဲဖြစ်ပါတယ်။

မကြာခဏဆီးသွားချင်ရသည့် အကြောင်းရင်းများ

မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ရတဲ့ တခြားအကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

-နှလုံးရောဂါအခြေအနေနဲ့ ဆက်စပ်နေသော ခြေထောက်ယောင်ရမ်းခြင်း

-ဆီးသွားခြင်းကို ပိုမိုဖြစ်စေတဲ့ ဆီးဆေးသောက်နေရခြင်း

-ခန္ဓာကိုယ်ရဲ့ ဇီဝနရီပြောင်းလဲခြင်း

-ဆီးအိတ်ယောင်တာကြောင့် ဆီးအိတ်မှာ ဝေဒနာခံစားရခြင်း

-ဆီးချိုသွေးချိုရောဂါရှိပြီး ရောဂါကို မထိန်းချုပ်နိုင်ခြင်း (ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တာကြောင့် ဆီးထဲမှာ သကြားဓာတ်များလာကာ ဆီးသွားချင်စိတ်ကို ပိုမိုဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။)

မကြာခဏ ဆီးသွားလိုသည့် ပြဿနာကို ထိန်းချုပ်နိုင်စေရန်

ညဘက်မှာ မကြာခဏဆီးသွားချင်ပြီး ဆီးသွားနေရတာကြောင့် အိပ်ရေးပျက်ရတတ်ပါတယ်။ ဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းနိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးပါ။

-သင်ဟာ ဆီးဆေးသောက်နေရသူဖြစ်ရင် မနက်ခင်းမှာပဲ ဆီးဆေးကိုသောက်ပါ။

-တစ်နေ့တာသောက်သင့်တဲ့ ရေကိုသောက်ပါ။ မနကိပိုင်းမှာ ပိုသောက်ပြီး ညပိုင်းမှာ လျော့သောက်ပေးပါ။

-ညပိုင်းမှာ လက်ဖက်ရည််၊ ကော်ဖီ၊ ဘီယာစတဲ့ ဆီးရွှင်စေတဲ့ အရည်တွေကို မသောက်ပါနဲ့။

-သင့်အနေနဲ့ အရည်တွေကို ဘယ်လောက်များများသောက်တယ်၊ ဘယ်အချိန်မှာ သောက်တယ် စတာတွေကို ဒိုင်ယာရီမှာ ရေးမှတ်ထားပါ။ ဒါဆိုရင် ဘယ်အရာက သင့်ကို ဆီးသွားချင်စိတ် ပိုမိုဖြစ်ပေါ်စေလဲဆိုတာကို သိလာပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: