
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ ဖြစ်လာပြီ ဖြစ်တဲ့အတွက် သူ လက်ရှိကိုင်နေတဲ့ ဖုန်းကို စွန့်လွှတ်ရမှာ ဖြစ်ပြီး သမ္မတ လုံခြုံရေးအတွက် အထူးပြုလုပ်ထားတဲ့ စမတ်ဖုန်းကို ကိုင်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ရွေးကောက်ခံသမ္မတ အချိန်ထိ ထရမ့်ဟာ Samsung Galaxy စမတ်ဖုန်းကို သုံးစွဲခဲ့တာ ဖြစ်ပြီး Twitter ကိုလည်း အဆိုပါ စမတ်ဖုန်းကနေ သုံးစွဲတာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဖုန်းအသစ်လဲရမှာဖြစ်တဲ့အပြင် Twitter ကိုလည်း စမတ်ဖုန်းအသစ်မှာ သုံးစွဲခွင့်ရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့အရေးကြီးပုဂ္ဂိုလ်များသာ ကိုင်ဆောင်ရမယ့် ဖုန်းနံပတ်အသစ်တစ်ခု လည်းရရှိမှာ ဖြစ်ပါတယ်။ ယခင်ကိုင်ဆောင်ခဲ့တဲ့ ဖုန်းနံပတ်ကိုတော့ သုံးစွဲခွင့်ရှိမှာ မဟုတ်ပါဘူး။
ဒီအတွက် ထရမ့်အနေနဲ့ကတော့ စိတ်ကြိုက်ဖြစ်မှာမဟုတ်ပါဘူး။ အင်တာနက်ကို လိုသလိုသုံးစွဲခွင့်ရမှာမဟုတ်တဲ့အပြင် အဆိုပါ စမတ်ဖုန်းဟာ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ စာပို့ခြင်းနဲ့ ကင်မရာလုပ်ဆောင်ချက်သာ ပါဝင်မှာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ သူ့ရဲ့သူငယ်ချင်း၊မိတ်ဆွေတွေကိုလည်း ဖုန်းခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အင်တာနက်အသုံးပြုခြင်း ကိုတော့ ရုံးချိန်အတွင်းမှာ သုံးနိုင်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းပေါ်ကနေ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ရုံးတွင်းက ကွန်ပြူတာတွေနဲ့သာ အသုံးပြုရမှာ ဖြစ်ပါတယ်။