Home News YouTube ကို မကြာမှီ လူမှုကွန်ရက်အနေဖြင့် အသက်သွင်းရန် အလားအလာရှိ

YouTube ကို မကြာမှီ လူမှုကွန်ရက်အနေဖြင့် အသက်သွင်းရန် အလားအလာရှိ

0
YouTube ကို မကြာမှီ လူမှုကွန်ရက်အနေဖြင့် အသက်သွင်းရန် အလားအလာရှိ

Google ရဲ့ ကိုယ်ပိုင် ဗီဒီယို platform တစ်ခုဖြစ်တဲ့ YoutTube ကို မကြာမှီကာလမှာ Facebook ကဲ့သို့ လူမှုကွန်ရက်ဆိုဒ် အနေဖြင့် အသက်သွင်းရန် အလားအလာရှိလာပါပြီ။ အရင်က YouTube မှာ ဗီဒီယိုတွေတင်ပြီး အချင်းချင်း ပြန်လည်မျှဝေနိုင်တဲ့လုပ်ဆောင်ချက်လောက်သာ ပါဝင်ပြီး ယခုဆိုရင် Facebook Messenger ကဲ့သို့သော အချင်းချင်း စာပို့နိုင်မယ့်စနစ်တွေကို ထည့်သွင်းစမ်းသပ်နေပါပြီ။ အဆိုပါ လုပ်ဆောင်ချက်အသစ်ကို ကနေဒါနိုင်ငံမှာ စတင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် YouTube ကနေ ဝင်ငွေရှာနေတဲ့ YouTuber တွေအတွက်လည်း ပိုမိုအဆင် ပြေလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook ကလည်း မကြာမှီအချိန်အတွင်းမှာ YouTube ကဲ့သို့ လုပ်ဆောင်ချက်တွေ ထည့်သွားမှာ ဖြစ်ပြီး Facebook video uploader တွေအတွက်လည်း ဝင်ငွေရှာနိုင်မှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။ ဒါကြောင့် YouTube နဲ့ Facebook တို့ရဲ့ အားပြိုင်မှုတွေကို မကြာခင် တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: