Home Lifestyle Food ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား

ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား

0
ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား

ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ပေါင်းစပ်ကာ ကာဗိုဟိုက်ဒရိတ်ရောထားတဲ့ အပြစ်ကင်းစင်ဆုံးအစားအသောက်ဖြစ်ပါတယ်။ ပဲနီလေးဟာ မြန်မြန်ကျက်လွယ်တာကြောင့် ဟင်းချို၊ စွတ်ပြုတ်နဲ့ အသုတ်အဖြစ် ပြုလုပ်စားသုံးနိုင်ပါတယ်။

ပဲနီလေးရဲ့ ကျန်းမာရေးအာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ်ပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ပဲနီလေးရဲ့ ချက်ပြီးသားတစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ် ၁၆ဂရမ် ပါဝင်ပါတယ်။ ပဲနီလေးမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ သွေးတွင်းမကောင်းတဲ့ ကိုယ်လက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ပဲနီလေးမှာ ပရိုတင်းဓာတ်များကြွယ်ဝစွာပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးရဲ့ ချက်ပြီးသားတစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ဂရမ်ပါဝင်နေပါတယ်။

လတ်တလော လေ့လာမှုအရ အစာစားတိုင်း ဒါမှမဟုတ် ပဲအမျိုးမျိုးကို တစ်ပတ်မှာ ၂ကြိမ်လောက် ပါဝင်အောင် စားသူတွေက တစ်လမှာ တစ်ကြိမ်သာစားတဲ့ လူတွေနဲ့ ယှဉ်ပါက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၅ရာခိုင်နှုန်းကို လျော့ကျစေကြောင်း သိရပါတယ်။

ပဲနီလေးဟာ ဗီတာမင်ဘီဓာတ်လည်း ပေါများစွာပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ အမိုင်နိုအက်ဆစ် ဟိုမိုစစ်စတင်းပမာဏကို လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်းပမာဏများတာဟာ နှလုံးရောဂါနဲ့ ကြိုးကြောင်းဆင်ခြင်းနိုင်စွမ်းကို လျော့နည်းစေတဲ့ အခြေအနေကို ဖြစ်နိုင်ခြေ မြင့်မားစေတာကြောင့် ဟိုမိုစစ်စတင်းပမာဏလျော့နည်းအောင် ပဲနီလေးကို စားပေးသင့်ပါတယ်။ ပဲနီလေးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ သင့်ကို အူလမ်းကြောင်း လှုပ်ရှားမှုကောင်းမွန်စေပြီး ဝမ်းမှန်အောင် ထိန်းချုပ်ပေးနိုင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: