Home News CES ပြပွဲအပြီးမှာ ခိုးယူခြင်းခံလိုက်ရတဲ့ မျက်နှာပြင် ၃ခုပါ Razer Laptop အား တရုတ်အွန်လိုင်းစတိုးတစ်ခုတွင် ရောင်းချ

CES ပြပွဲအပြီးမှာ ခိုးယူခြင်းခံလိုက်ရတဲ့ မျက်နှာပြင် ၃ခုပါ Razer Laptop အား တရုတ်အွန်လိုင်းစတိုးတစ်ခုတွင် ရောင်းချ

0
CES ပြပွဲအပြီးမှာ ခိုးယူခြင်းခံလိုက်ရတဲ့ မျက်နှာပြင် ၃ခုပါ Razer Laptop အား တရုတ်အွန်လိုင်းစတိုးတစ်ခုတွင် ရောင်းချ

ပြီးခဲ့တဲ့ အပတ်က CES နည်းပညာပြပွဲမှာ ကုမ္ပဏီပေါင်းစုံကနေ ဆန်းသစ်တီထွင်မှု အမျိုးမျိုးပြသခဲ့ပြီး အဲ့ဒီထဲမှာမှ Razer Laptop လည်း အပါအဝင်ဖြစ်ပါတယ်။ မျက်နှာပြင် ၃ခုပါဝင်တဲ့ Razer Laptop ဟာ ပြပွဲအပြီးမှာ ပျောက်ဆုံးသွားပါတယ်။ ပြပွဲအပြီးမှာ ပျောက်ဆုံးတယ်ဆိုပေမယ့် ခန်းမထဲမှာ ပောျက်ဆုံးတာလား ကုမ္ပဏီအတွင်းမှာ ပျောက်ဆုံးသွားတာလားဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် Project Valerie အမည်ရတဲ့ Razer Laptop ဟာ အလွန်မှ တန်ဖိုးကြီးလှပြီး လက်ရှိမှာ စျေးကွက်ထဲကိုတောင် တင်ပို့မှု မရှိသေးပါဘူး။ ပြပွဲမှာ ပြသခြင်းသာ ဖြစ်ပြီး နောက်ထပ် အဆင့်မြှင့်တင်မှုတွေကို ထပ်မံထည့်သွင်းပြီးမှ စျေးကွက်ကို တင်ပို့ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ Project Valerie Razer Laptop ဘယ်မှာရှိလဲဆိုတာ သတင်းပေးနိုင်ရင် ဒေါ်လာ ၂သောင်းခွဲ ပေးမယ်လို့ ပြောထားပါတယ်။ ထူးဆန်းစွာဘဲ အဆိုပါ ရှေ့ပြေးပုံစံ Laptop ဟာ တရုတ်ပြည်ကို ရောက်ရှိသွားပြီး တရုတ်အွန်လိုင်းစတိုးဖြစ်တဲ့ တောင်းဘောင် ( Taobao) မှာ တစ်စုံတစ်ယောက်က ယွမ် ၁သိန်းခွဲခန့်နဲ့ ရောင်းချနေတာကို တွေ့လိုက်ရပါတယ်။

ဒီလိုခိုးယူသွားတဲ့ Laptop ကို ဝယ်မိသူဟာလည်း တရားဥပဒေအရ အရေးယူခံရမှာ ဖြစ်သလို လက်ရှိမှာ laptop ကို တင်ရောင်းသူ ကိုလည်း ဘယ်လိုစုံစမ်းမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ။ လက်ရှိမှာ Razer အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ ထုတ်ပြန်ချက်တစ်ခုပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: