
သောကြာဂြိုလ် မှာ အံ့သြစရာတွေနဲ့ မသိခြင်းများစွာတွေပြည့်နှက်တွေနဲ့ အရာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ရုရှားတို့ရဲ့ အာကာသလေ့လာစူးစမ်းရေးအဖွဲ့အစည်းတွေအတွက် သောကြာဂြိုလ်ဟာ ဒုတိယ သုသေသနပြုစရာ ဂြိုလ်တစ်စင်းဆိုလဲ မမှားပါဘူး။ ဆာလဖြူရစ်အက်စစ်တွေနဲ့ပါဝင်နေတဲ့ တိမ်တိုက်ထဲကနေ အနက်ရောင် ရောင်ခြည်အလင်းတန်းတွေ ဖြာထွက်လာတာကို တွေ့ရတာဖြစ်ပြီး အဲ့ဒီရောင်စဉ်တန်းတွေက ဂြိုလ်သားတွေ စီးနင်းတဲ့ ယာဉ်ကနေ အလင်းပြန်ခြင်းလား ဒါမှမဟုတ် ဂြိုလ်သားတွေရဲ့ အချက်ပြမှုလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ မေးစရာမေးခွန်းအမျိုးမျိုးနဲ့ ခန့်မှန်းအဖြေတွေကလည်း အမျိုးမျိုးပါဘဲ။ ဒါကြောင့် လက်ရှိမှာ တိကျတဲ့ အဖြေရရှိသေးတာ မဟုတ်ဘဲ NASA ကတော့ အသေးစိတ်ထပ်မံထုတ်ပြန်မယ်လို့ ပြောခဲ့ပါတယ်။