
သကြားပါတဲ့ ဆော်ဒါအချိုရည်၊ လိမ္မော်ရည်စတဲ့ ဖရက်တို့စ် ပေါများစွာပါဝင်တဲ့ မချိုရည်တွေကို သောက်သုံးသူအမျိုးသမီးတွေဟာ ဂေါက်အဆစ်အမျက်ရောင်ရောဂါဖြစ်နှုန်း မြင့်တက်လေ့ရှိကြောင်း လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ဂေါက်အဆစ်အမျက်ရောင်ရောဂါဖြစ်နှုန်းဟာ အမေရိကန်ုပြည်ထောင်စုမှာ ၁၉၇၇ ခုနှစ်က လူတစ်သိန်းမှာ ၁၆ရာခိုင်နှုန်းရှိရာမှ ၁၉၆၆ ခုနှစ်က လူတစ်သိန်းမှာ ၄၂ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး သကြားပါတဲ့ အချိုရည်တွေကို သောက်သုံးမှုနဲ့ ဆက်စပ်နေကြောင်း လေ့လာသူတွေက ဆိုပါတယ်။
ဖရက်တို့စ်ပေါများစွာ ပါဝင်တဲ့ အချိုရည်ိတွေဟာ သွေးထဲမှာ ယူရစ်အက်ဆစ် စုပုံစေနိုင်ပြီး ဂေါက်အဆသစ်အမျက်ရောင်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုအရ တစ်လမှာ သကြားပါတဲ့ ဆော်ဒါအချိုရည် တစ်ဘူးခန့်သောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ ယှဉ်ရင် တစ်နေ့ ဆော်ဒါအချိုရည်တစ်ဘူး သောက်သုံးသူ အမျိုးသမီးတွေက ဖြစ်နှုန်း ၇၄ ရာခိုင်နှုန်း ပိုများနေပြီး နှစ်ဘူးနဲ့ အထက်သောက်ပါက ၂.၄ ဆပိုများနေကြောင်း တွေ့ရှိရပါတယ်။