Home How To မိမိဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ဘယ်လိုရွေးချယ်မလဲ

မိမိဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ဘယ်လိုရွေးချယ်မလဲ

0
မိမိဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ဘယ်လိုရွေးချယ်မလဲ

ဆံပင်ရဲ့ ဆံသားခြောက်သွေ့မှု၊ အဆီပြန်မှုတွေဟာ ဆံပင် ပါးတာ၊ ထူတာ၊ ကောက်တာ၊ ဖြောင့်တာတွေနဲ့ မဆိုင်ပါဘူး။ လူတစ်ဦနဲ့ တစ်ဦး မိသားစုထဲမှာတောင် ဆံသားပုံစံ မတူညီနိုင်ပါဘူး။ သင့်ဆံသားနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ခြောက်သွေ့သော ဆံသား

ခြောက်သွေ့လွန်းတဲ့ ဆံသားဟာ ဖွာထွက်နေပြီး ဆံပင်အဖျားမှာဆိုရင် နှစ်ခွတွေရှိနေတတ်ပါတယ်။ ဆံပင်အရောင်မဆိုးထားပေမယ့် ဆံသားအဖျားတွေဟာ အနီရောင်သန်းနေတတ်ပါတယ်။ အလွယ်တကူ ကျိုးပျက်လွယ်ပြီး ခေါင်းဖြီးရတာလည်း ခက်ခဲတတ်ပါတယ်။ ဒီလိုဆံသားတွေကို ပိုင်ဆိုင််နေပြီဆိုရင် သင်ဟာ အကောင်းဆုံးရေဓာတ်အားဖြည့်နိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ရမှာ ဖြစ်ပြီး ရေများများသောက်ဖို့လည်း လိုပါတယ်။ ခြောက်သွေ့ပြီး အဆီအနှစ်မရှိတဲ့ ဆံသားတွေအတွက် ခေါင်းလျှော်တိုင်း ရေဓာတ်ပါတဲ့ (Moisturizer) ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ပဲ လျှော်ကာ ပျော့ဆေးကို မဖြစ်မနေသုံးပေးပါ။ သစ်ခွ၊ အုန်းဆီနဲ့ နို့ပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

အဆီပြန်သော ဆံသား

အဆီပြန်တဲ ဆံသားဟာ ထိခိုက်ပျက်စီမှုမရှိပဲ ခြောက်သွေ့မှုလည်း ကင်းတတ်ပါတယ်။ ဒါပေမဲ့ မကြာခဏစေးကပ်တတ်တာကြောင့် ခေါင်းခဏခဏ လျှော်ရပါတယ်။ ဦးရေပြားမှာ ရေဓာတ်ပြည့်ဝနေတတတ်တာကြောင့် ဦးရေပြားကို အေးစေဖို့ အဓိကထုတ်ထားတဲ့ ခေါင်းလျှာ်ရည်မျိုးတွေကို သုံးနိုင်ပြီး ရေစင်အောင်ဆေးဖို့တော့ လိုအပ်ပါတယ်။

ဆံသားသေးလွန်သူ

ဆံသားဆံလုံးသေးသူဟာ ဆံပင်ပါးလွှာလွန်ပါတယ်။ ဒီလိုဆံပင်မျိုးကို ဆံလုံးကြီးလာအောင် ပြောင်းလဲလို့မရပေမဲ့ ဆံပင်ဆုံးရှုံးမှုတွေနည်းအောင်တော့ ကာကွယ်လို့ရပါတယ်။ ခေါင်းလျှော်ရာမှာ ဗီတာမင်၊ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တွေပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ သန့်စင်ပါ။

ပျက်စီးနေသော ဆံသား

ဆံပင်ကို မီးအပူနဲ့ ဆေးအပြင်းစားတွေ ခဏခဏသုံးမိလို့ ပျက်စီးနေတယ်ဆိုရင် ဆံသားဟာ ကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ ကျိုးကြေနေတဲ့ ဆံပင်အဖျားတွေကိုတော့ ညှပ်ထုတ်ပစ်လိုက်ပါ။ ဒီလိုဆံသားအတွက်ကတော့ ဆံပင်ကို အထူးပြန်လည်ပြုပြင်ပေးတဲ့ ခေါင်းလျှော်ရည်အမျိုးအစားကို သုံးသင့်ပြီး ဗီတာမင်၊ ပရိုတင်းနဲ့ ဖက်တီးအက်ဆစ်တွေပါဝင်မှာပါ။ ရေစိုနေတဲ့အချိန် ဆံပင်ကို လုံးဝမဖြီးမိအောင် ဂရုစိုက်ပြီး ဆံပင်ခြောက်စက်ကို လုံးဝမသုံးပဲ တဘက်နဲ့ ခြောက်အောင်သုတ်ပြီးမှ သံလွင်ဆီလိမ်းပြီး ခေါင်းဖြီးပါ။

ကောက်ကွေးသော ဆံသား

ကောက်တဲ့ ဆံသားပိုင်ဆိုင်သူတွေဟာ ဆံပင်သားကောင်းမွန်မှုအတွက် ပူစရာမလိုအောင်ကို ကောင်းမွန်တတ်ကြပါတယ်။ ဆံသားထူပြီး ဆွဲဆောင်မှုရှိတတ်ကြပါတယ်။ ဂရုစိုက်သင့်တာကတော့ ဆံသားခြောက်သွေ့မှု မဖြစ်စေဖို့ပါပဲ။ ခေါင်းလျှော်ရည်ရွေးမယ်ဆိုရင် ဂျိုဂျိုဘားဆီ၊ လက်ဖက်စိမ်းနဲ့ ရေဓာတ်ပါဝင်တာတွေကို ရွေးပါ။

ဆံပင္ရဲ႕ ဆံသားေျခာက္ေသြ႕မႈ၊ အဆီျပန္မႈေတြဟာ ဆံပင္ ပါးတာ၊ ထူတာ၊ ေကာက္တာ၊ ေျဖာင့္တာေတြနဲ႔ မဆိုင္ပါဘူး။ လူတစ္ဦနဲ႔ တစ္ဦး မိသားစုထဲမွာေတာင္ ဆံသားပုံစံ မတူညီႏိုင္ပါဘူး။ သင့္ဆံသားနဲ႔ လိုက္ဖက္တဲ့ ေခါင္းေလွ်ာ္ရည္ကို ေ႐ြးခ်ယ္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

ေျခာက္ေသြ႕ေသာ ဆံသား

ေျခာက္ေသြ႕လြန္းတဲ့ ဆံသားဟာ ဖြာထြက္ေနၿပီး ဆံပင္အဖ်ားမွာဆိုရင္ ႏွစ္ခြေတြရွိေနတတ္ပါတယ္။ ဆံပင္အေရာင္မဆိုးထားေပမယ့္ ဆံသားအဖ်ားေတြဟာ အနီေရာင္သန္းေနတတ္ပါတယ္။ အလြယ္တကူ က်ိဳးပ်က္လြယ္ၿပီး ေခါင္းၿဖီးရတာလည္း ခက္ခဲတတ္ပါတယ္။ ဒီလိုဆံသားေတြကို ပိုင္ဆိုင္္ေနၿပီဆိုရင္ သင္ဟာ အေကာင္းဆုံးေရဓာတ္အားျဖည့္ႏိုင္တဲ့ နည္းလမ္းေတြကို ေ႐ြးခ်ယ္ရမွာ ျဖစ္ၿပီး ေရမ်ားမ်ားေသာက္ဖို႔လည္း လိုပါတယ္။ ေျခာက္ေသြ႕ၿပီး အဆီအႏွစ္မရွိတဲ့ ဆံသားေတြအတြက္ ေခါင္းေလွ်ာ္တိုင္း ေရဓာတ္ပါတဲ့ (Moisturizer) ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ပဲ ေလွ်ာ္ကာ ေပ်ာ့ေဆးကို မျဖစ္မေနသုံးေပးပါ။ သစ္ခြ၊ အုန္းဆီနဲ႔ ႏို႔ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္အမ်ိဳးအစားေတြကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

အဆီျပန္ေသာ ဆံသား

အဆီျပန္တဲ ဆံသားဟာ ထိခိုက္ပ်က္စီမႈမရွိပဲ ေျခာက္ေသြ႕မႈလည္း ကင္းတတ္ပါတယ္။ ဒါေပမဲ့ မၾကာခဏေစးကပ္တတ္တာေၾကာင့္ ေခါင္းခဏခဏ ေလွ်ာ္ရပါတယ္။ ဦးေရျပားမွာ ေရဓာတ္ျပည့္ဝေနတတတ္တာေၾကာင့္ ဦးေရျပားကို ေအးေစဖို႔ အဓိကထုတ္ထားတဲ့ ေခါင္းလွ်ာ္ရည္မ်ိဳးေတြကို သုံးႏိုင္ၿပီး ေရစင္ေအာင္ေဆးဖို႔ေတာ့ လိုအပ္ပါတယ္။

ဆံသားေသးလြန္သူ

ဆံသားဆံလုံးေသးသူဟာ ဆံပင္ပါးလႊာလြန္ပါတယ္။ ဒီလိုဆံပင္မ်ိဳးကို ဆံလုံးႀကီးလာေအာင္ ေျပာင္းလဲလို႔မရေပမဲ့ ဆံပင္ဆုံးရႈံးမႈေတြနည္းေအာင္ေတာ့ ကာကြယ္လို႔ရပါတယ္။ ေခါင္းေလွ်ာ္ရာမွာ ဗီတာမင္၊ ပ႐ိုတင္းနဲ႔ အမိုင္ႏိုအက္ဆစ္ေတြပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္နဲ႔ သန႔္စင္ပါ။

ပ်က္စီးေနေသာ ဆံသား

ဆံပင္ကို မီးအပူနဲ႔ ေဆးအျပင္းစားေတြ ခဏခဏသုံးမိလို႔ ပ်က္စီးေနတယ္ဆိုရင္ ဆံသားဟာ က်ိဳးပဲ့ပ်က္စီးလြယ္ပါတယ္။ က်ိဳးေၾကေနတဲ့ ဆံပင္အဖ်ားေတြကိုေတာ့ ညႇပ္ထုတ္ပစ္လိုက္ပါ။ ဒီလိုဆံသားအတြက္ကေတာ့ ဆံပင္ကို အထူးျပန္လည္ျပဳျပင္ေပးတဲ့ ေခါင္းေလွ်ာ္ရည္အမ်ိဳးအစားကို သုံးသင့္ၿပီး ဗီတာမင္၊ ပ႐ိုတင္းနဲ႔ ဖက္တီးအက္ဆစ္ေတြပါဝင္မွာပါ။ ေရစိုေနတဲ့အခ်ိန္ ဆံပင္ကို လုံးဝမၿဖီးမိေအာင္ ဂ႐ုစိုက္ၿပီး ဆံပင္ေျခာက္စက္ကို လုံးဝမသုံးပဲ တဘက္နဲ႔ ေျခာက္ေအာင္သုတ္ၿပီးမွ သံလြင္ဆီလိမ္းၿပီး ေခါင္းၿဖီးပါ။

ေကာက္ေကြးေသာ ဆံသား

ေကာက္တဲ့ ဆံသားပိုင္ဆိုင္သူေတြဟာ ဆံပင္သားေကာင္းမြန္မႈအတြက္ ပူစရာမလိုေအာင္ကို ေကာင္းမြန္တတ္ၾကပါတယ္။ ဆံသားထူၿပီး ဆြဲေဆာင္မႈရွိတတ္ၾကပါတယ္။ ဂ႐ုစိုက္သင့္တာကေတာ့ ဆံသားေျခာက္ေသြ႕မႈ မျဖစ္ေစဖို႔ပါပဲ။ ေခါင္းေလွ်ာ္ရည္ေ႐ြးမယ္ဆိုရင္ ဂ်ိဳဂ်ိဳဘားဆီ၊ လက္ဖက္စိမ္းနဲ႔ ေရဓာတ္ပါဝင္တာေတြကို ေ႐ြးပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: