
ဓာတ်ပုံဆိုင်ရာ ပြုပြင်ခြင်း software နဲ့ ဘုရင်တစ်ဆူဖြစ်နေတဲ့ Adobe ကုမ္ပဏီဟာ မကြာမှီအချိန်အတွင်းမှာ သူ့ရဲ့ software တွေကို အသံဖြင့် စေခိုင်းအသုံးပြုနိုင်တော့ မှာ ဖြစ်တယ်လို့ Video Concept အနေနဲ့ ဖော်ထုတ်ပြသခဲ့ပါ တယ်။ ဒါကြောင့် ပိုမိုအသုံးပြုရလွယ်ကူမှာ ဖြစ်ပြီး အသုံးပြုသူပိုမိုများပြားလာအောင် လုပ်ဆောင်တဲ့ စနစ်မျိုးလဲ ဖြစ်ပါတယ်။ Video Concept အနေနဲ့ iPad ပေါ်မှာ ဓာတ်ပုံကို အသံနဲ့စေခိုင်းပြတာကို ရိုက်ကူးထားပါတယ်။ ဒါပေမယ့် ဘယ်ချိန်မှာ စတင် ထုတ်လုပ်ရောင်းချမယ်ဆိုတာကိုတော့ မကြေငြာခဲ့ပါဘူး။