Home News Facebook Page ပိုင်ရှင်များအနေဖြင့် Desktop Version များတွင် Live လွှင့်နိုင်တော့မည်

Facebook Page ပိုင်ရှင်များအနေဖြင့် Desktop Version များတွင် Live လွှင့်နိုင်တော့မည်

0
Facebook Page ပိုင်ရှင်များအနေဖြင့် Desktop Version များတွင် Live လွှင့်နိုင်တော့မည်

အရင်က video live လွှင့်တာကို mobile device တွေအပေါ်မှာဘဲ Facebook က အသုံးပြုခွင့်ပေးခဲ့ပေမယ့် အခုဆိုရင်တော့ desktop version တွေမှာပါ live လွှင့်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းတော့ desktop / laptop ကနေ live လွှင့်နိုင်မှာမဟုတ်ပါဘူး။ Facebook Page ပိုင်ရှင်များသာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ချက် အနေနဲ့ Webcam တစ်လုံးရှိရင် desktop browser တွေကနေ live လွှင့်နိုင်ပါတယ်။ ဒါ့အပြင် Page Role အနေနဲ့ Live Contributor ဆိုတဲ့ user role တစ်ခုပိုလာပါတယ်။ Live Contributor role ကို ရရှိထားတဲ့ သူဟာ Live Video ကို လွှင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီ update ဟာ သတင်း၊မီဒီယာသမားတွေအတွက် ရလဒ်ကြီးမား ပါတယ်။ အရင်က mobile device နဲ့live လွှင့်ရတာကြောင့် resolution မတည်ငြိမ်ခြင်း၊ ပုံရိပ်များလှုပ်ရှား စတာမျိုး ကြုံတွေ့ရတာ ဖြစ်ပြီး ယခုဆိုရင် Camera ကောင်းကောင်းတစ်လုံးနဲ့ အငြိမ်ရိုက်ကူးလွှင့်တင်နိုင်မှာ ဖြစ်တဲ့အတွက် ပိုမို ကြည်လင်ပြတ်သားနဲ့ ရလဒ်မျိုး ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် video ကြည့်ရှုသူ အရေအတွက်၊ သိမ်းဆည်းသူ အရေအတွက်၊ follower အရေအတွက်တို့ကိုလည်း report အနေနဲ့ဖော်ပြအုံးမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: