Home Lifestyle Health ဟောက်တတ်သော အိမ်ထောင်ဖက်ကြောင့် သင့်ကျန်းမာရေး မထိခိုက်စေဖို့

ဟောက်တတ်သော အိမ်ထောင်ဖက်ကြောင့် သင့်ကျန်းမာရေး မထိခိုက်စေဖို့

0
ဟောက်တတ်သော အိမ်ထောင်ဖက်ကြောင့် သင့်ကျန်းမာရေး မထိခိုက်စေဖို့

သင့်အိမ်ထောင်ဖက်က ဟောက်တတ်သူဖြစ်ရင် သင့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လွှဖြတ်သံလို ဆူညံတဲ့ ဟောက်သံထွက်ကာ အိပ်တတ်သူနဲ့အတူ အိပ်ရရင် ဆူညံသံကြောင့် တစ်ညလုံး တစ်လူးလူးတစ်လွန့်လွန့်နဲ့ ကောင်းကောင်း အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။ ဥရောပ နှလုံးဂျာနယ်ရဲ့ လေ့လာမှုအသစ်တစ်ရပ်အရ ညအချိန်မှာ ဟောက်သံကြားရရင် သင်က အိပ်ပျော်နေတာပဲဖြစ်ဖြစ်၊ လန့်နိုးတာပဲဖြစ်ဖြစ် သင့်သွေးဖိအားကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဟောက်သံကြားရခြင်းကြောင့် သွေးဖိအား မြင့်တက်ရသည်မှာ

အပြင်မှာ လေယာဉ်ပျံသန်းတာ၊ ကားသံတွေဆူညံတာ စတဲ့ ဆူညံသံ ၃၅ ဒက်ဆီဘယ်လ်ကျော်တဲ့ အသံတွေကို ကြားနေရတဲ့ ဟိသရိုးနဲ့ တခြားလေဆိပ်ကြီးတွေနားက အိမ်သားတွေကို လေ့လာခဲ့ရာ ဒီလိုအသံတွေကြောင့် သွေးဖိအားတိုးတာကို တွေ့ရှိခဲ့ရပါတယ်။ ဟောက်သံ ၅ ဒက်ဆီဘယ်လ်တိုးသွားတိုင်း သွေးဖိအားက ၀.၆၆ mmHg မြင့်တက်သွားပါတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်တာနဲ့ ကြောင်းကျိုးဆင်ခြင်နိုင်သွမ်းေလျော့ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဟောက်တတ်သူတွေအနေနဲ့ အိပ်စက်တဲ့အခါ ကျန်းမာရေးမထိခိုက်ဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

နားဆို့တပ်ထားပါ

ဟောက်သံကြားရတဲ့အခါ ခေါင်းအုံးနဲ့ သင့်နားတွေကို ပိတ်တာမျိုး မလုပ်ပါနဲ့။ စိတ်ဖိစီးမှုကို ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နားဆို့(Earplug) တစ်စုံကို ဝယ်ပြီးတပ်ထားပေးပါ။

သီချင်းအေးအေးလေး နားထောင်ပါ

နူးညံ့ပြီး အေးဆေးတဲ့ ဂီတသံတွေကို နားဆင်ပြီးအိပ်တာက လူတွေရဲ့ အိပ်စက်မှုပြဿနာကို သက်သာလာစေတယ်လို့ လေ့လာမှုအရသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: