Home Knowledge ဘဝကို အရှုံးမပေးဘဲ ခန္ဓာကိုယ်အလှပြခဲ့တဲ့ ပိုလီယိုရောဂါခံစားရသူ

ဘဝကို အရှုံးမပေးဘဲ ခန္ဓာကိုယ်အလှပြခဲ့တဲ့ ပိုလီယိုရောဂါခံစားရသူ

0
ဘဝကို အရှုံးမပေးဘဲ ခန္ဓာကိုယ်အလှပြခဲ့တဲ့ ပိုလီယိုရောဂါခံစားရသူ

သာမန်အားဖြင့် ခန္ဓာကိုယ်မှာ ကြွက်သားတွေ အဖုအထစ်တွေနဲ့ တောင့်တင်းအောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ပိုလီယိုရောဂါခံစားနေရသူ တစ်ဦးကတော့ လူတွေ အံ့သြသွားလောက်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ Steve Alexy လို့ အမည်ရတဲ့ ပိုလီယိုဝေဒနာကို ခံစားနေရသူကတော့ သူများနဲ့မတူအောင် အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရပါ တယ်။ အစပိုင်းမှာ Steve ဟာ လမ်းမလျှောက်နိုင်၊ မတ်တပ်မရပ်နိုင်တဲ့အထိ ခံစားရတာဖြစ်ပြီး ဒါကို တွန်း်လှန်ပစ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ Gym ရုံသို့သွားပြီး လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မတ်တပ်ရပ်နိုင်၊ လမ်းလျှောက်နိုင်တဲ့အထိ ဖြစ်လာပြီး ကြွက်သားတွေနဲ့ အာရုံကြောတွေ သန်မာအောင် စိတ်ဓာတ်ခိုင်မာစွာနဲ့ လေ့ကျင့်ခဲ့ ပါတယ်။ ဆရာဝန်ကတော့ ” Steve ဟာ တစ်ဘဝလုံး မတ်တပ်ရပ် လမ်းလျှောက်နိုင်ဖို့ မဖြစ်နိုင်ဘူး ” လို့တောင် မှတ်ချက် ပေးခဲ့ဖူးပါတယ်။ ဒါကို Steve က လက်မခံဘဲ ခက်ခဲပင်ပန်းစွာနဲ့ သူများထက် ပိုကြိုးစားခဲ့ရပါတယ်။ ယခုမှာ တော့ Steve ဟာ ဆုဖလား ၆ ခုကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အောက်ပါ Video မှာတော့ သူ့ရဲ့ အခြေအနေကို လေ့လာနိုင်ပါတယ်။ Steve က ” ကျနော့်မှာ အားနည်းချက်တွေရှိတယ်။ ဒါပေမယ့် ကျနော်က အားနည်းသူတစ်ယောက်တော့ မဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: