Home Lifestyle Health လက်သည်းခြေသည်းအတွက် အရေးပါတဲ့ ပရိုတင်းဓာတ်

လက်သည်းခြေသည်းအတွက် အရေးပါတဲ့ ပရိုတင်းဓာတ်

0
လက်သည်းခြေသည်းအတွက် အရေးပါတဲ့ ပရိုတင်းဓာတ်

လက်သည်း၊ ခြေသည်းတွေဟာ ဆံပင်တွေလိုပဲ ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ ကီရာတင် Keratinနဲ့ တည်ဆောက်ထားပါတယ်။ ဒီပရိုတင်းဓာတ်ရဲ့ လုပ်ငန်းဆောင်တာက လက်သည်း၊ ခြေသည်းထိပ်နဲ့ ခြေချောင်းတွေ ကျန်းမာသန်စွမ်းမှုရှိအောင် ကာကွယ်ပေးတဲ့ လုပ်ငန်းကို လုပ်ဆောင်ပါတယ်။ လက်သည်း၊ ခြေသည်းရဲ့ အရောင်၊ ပုံသဏ္ဌာန်နဲ့ သွင်ပြင်တို့ဟာ လူ့ကျန်းမာရေး အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြောင်းလဲနေပါတယ်။ လက်သည်းတွေ ကြီးထွားကျန်းမာနေဖို့က ပရိုတင်းဓာတ်က မရှိမဖြစ် လိုအပ်နေပါတယ်။ ကိုယ်ခန္ဓာတစ်ခုလုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝတဲ့အထိ လုံလောက်အောင်စားတယ်ဆိုရင်တော့ လက်သည်းကျန်းမာရေးအတွက် အထူးစိတ်ပူနေစရာ မလိုတော့ပါဘူး။ ကိုယ်အလေးချိန်လျော့ချဖို့ အစားလျော့စားနေတယ်ဆိုရင်၊ သတ်သတ်လွတ်စားနေတယ်ဆိုရင်…စတဲ့ အကြောင်းရင်းတစ်ခုခုကြောင့် ခန္ဓာကိုယ်က အာဟာရပြည့်ပြည့်ဝဝမရဘူးဆိုရင် ပရိုတင်းဓာတ်ကို အဓိကထားစားသောက်ပေးရပါမယ်။ ပရိုတင်းဟာ လက်သည်းမှာ ကယ်လ်ဆီယမ်ဓာတ်ရပြီး သန်မာအောင် တည်ဆောက်ရေးအတွက် အားဖြည့်ပေးတာကြောင့် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ရရှိအောင် ငါး၊ ကြက်သား၊ အနီရောင်အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးစတဲ့ အစားအသောက်တွေကို များများစားပေးရပါမယ်။ သတ်သတ်လွတ်စားသူတွေအနေနဲ့ တစ်နေ့မှာ ပဲတစ်မျိုးပါဝင်အောင် စားပေးသင့်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: